Redmi 9 Prime မှာ FullHD+ မျက်နှာပြင်ပါမှာ သေချာပြီ

Xiaomi က Redmi 9 Prime ကို အိန္ဒိယမှာ ဩဂုတ်လ ၄ ရက်နေ့ ကြေညာမယ်လို့ အတည်ပြုထားပါတယ်။ အခုတော့ သူ့မှာ FullHD+ မျက်နှာပြင် ပါမယ်လို့ Xiaomi India MD Manu Jain က တွစ်တာကနေ အသိပေးလိုက်ပါတယ်။ သူဟာ ဇွန်လက ကြေညာခဲ့တဲ့ Redmi 9 Global Version ကို ဆန်းသစ်ထားတဲ့ မော်ဒယ် ဖြစ်နိုင်ပါတယ်။
https://twitter.com/manukumarjain/status/1289142273884659712?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1289142273884659712%7Ctwgr%5E&ref_url=https%3A%2F%2Fwww.gsmarena.com%2Fxiaomi_redmi_9_prime_specs_screen_resolution-news-44551.php
Xiaomi က အဲဒီ စမတ်ဖုန်းရဲ့ Teaser တွေကို အရင်က မျှဝေခဲ့ဖူးပြီး ဓါတ်ပုံမှာ Prime လို့ ရေးသားထားသလို NINE စာသားကိုတွေ့ရတဲ့အတွက် Redmi 9 Prime ဆိုတာ သေချာပါတယ်။ Redmi 9 နဲ့ Redmi 9 Prime မှာ ဘာတွေကွဲပြားမလဲဆိုတာ မသိရသေးပါဘူး။ Redmi 9 မှာ ၆.၅၃ လက်မ LCD FullHD+ မျက်နှာပြင်ပါလာပြီး Helio G80 SoC မောင်းနှင်ထားပါတယ်။ MIUI 11 ထည့်ထားပြီး MIUI 12 ရမှာပါ။ Notch မှာ 8MP ကင်မရာ ထည့်ထားပါတယ်။ အနောက်ဘက်မှာ 13MP Main, 8MP Ultrawide , 5MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံးပါလာပြီး လက်ဗွေရာ ကိရိယာ ထည့်ထားပါတယ်။

Redmi 9 မှာ 5,020mAh ဘက်ထရီ ပါတဲ့အတွက် ဘက်ထရီ သက်တမ်း အရမ်းလန်းမှာပါ။ USB-C Port နဲ့ 18W Charging ထောက်ပံ့ထားပါတယ်။ ဒါပေမယ့် 10W Charger ပဲ ထည့်ထားတဲ့အတွက် ဒီထက်ပိုမြန်ချင်ရင် Charger ဝယ်ရမှာပါ။

Ref : gsmarena

%d bloggers like this: