iQOO က 120W Fast Charger ကို ကြေညာလိုက်ပြီ

iQOO က အရမ်းလန်းတဲ့ 120W Fast Charging နည်းပညာကို ကြေညာလိုက်ပြီး OPPO 125W ထက် ပိုမြန်ပါတယ်။ 4000mAh ဘက်ထရီကို ၁၅ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပြီး OPPO ရဲ့ နည်းပညာက ၂၀ မိနစ် ကြာပါတယ်။

iQOO က အနည်းငယ် ကွဲပြားတဲ့ နည်းပညာကို သုံးထားပါတယ်။ အဲဒီ Charger ဟာ 6A နှုန်းနဲ့ 20V ကို ထုတ်လုပ်ပေးနိုင်ပြီး ဖုန်းထဲမှာ 5V 12A ၂ ခုကို ပြောင်းပေးပါတယ်။ အဲဒီအတွက် အားသွင်းနှုန်းက ၉၈.၅ ရာခိုင်နှုန်း ပိုကောင်းပါတယ်။

iQOO ရဲ့ 120W Fast Charging ကို အောက်က ဗီဒီယိုမှာ လေ့လာနိုင်ပါတယ်။

iQOO က ဩဂုတ်လမှာ 120W Charging ပါတဲ့ ပထမဆုံး ဖုန်းကို ကြေညာမှာ ဖြစ်ပြီး iQOO 3 Pro ဖြစ်နိုင်ပါတယ်။ သူ့ကို မကြာခင်က 3C မှာ စာရင်းတင်ထားပြီး 55W Charging ပါမယ်လို့ ဖော်ပြထားတဲ့အတွက် 120W ဖုန်းဟာ iQOO 3 Pro Plus လည်း ဖြစ်သွားနိုင်ပါတယ်။

ref : gsmarena

%d bloggers like this: