realme Buds 3 ကို အိန္ဒိယမှာ နောက်လ ကြေညာမည်

realme CEO Madhav Sheth က realme Buds မျိုးဆက်သစ် ဖြစ်တဲ့ Buds 3 ကို အိန္ဒိယမှာ နောက်လ ကြေညာမယ်လို့ သတင်းပေးလိုက်ပါတယ်။ သူက နောက်ထုတ်မယ့် AIOT ထုတ်ကုန်တွေ၊ 5G စမတ်ဖုန်းတွေအကြောင်းကိုပါ အင်တာဗျူး ၁ ခုမှာ ပြောကြားခဲ့ပါတယ်။

Realme Buds 2 ကို အရင်နှစ် ဩဂုတ်လမှာ ကြေညာခဲ့ပြီး အခုတော့ မျိုးဆက်သစ်ကို မြင်ရတော့မှာပါ။ သူက ဒီတစ်ကြိမ်မှာ realme Buds 3 ကို မတူညီတဲ့ စတိုင်နဲ့ ကွဲပြားတဲ့ ဒီဇိုင်းတွေနဲ့ ဖန်တီးထားတယ်လို့ ပြောပါတယ်။

Madhav က realme ဟာ စွမ်းရည်မြင့် စမတ်နာရီကိုလည်း ဖန်တီးနေပြီး Active Noise Cancellation ကို Buds Series တွေမှာ ထည့်သွင်းပေးမယ်လို့ ပြောပါတယ်။ Industry Leading ANC နည်းပညာ ဖြစ်မယ်လို့ သိရပါတယ်။

သူက ကုမ္ပဏီဟာ လက်ပ်တော့ ဈေးကွက်ကိုလည်း ဝင်ရောက်ဖို့ စဉ်းစားနေတယ်လို့ ပြောပါတယ်။ realme ဟာ ၅၅ လက်မ 4K TV Model နဲ့ 100W Soundbar ကို ရောင်းချဖို့ အတည်ပြုထားပြီး IOT ထုတ်ကုန်များစွာကို အနာဂတ်မှာ ထုတ်လုပ်မှာပါ။

Ref : fonearena

%d bloggers like this: