Huawei က တန်ဖိုးနည်း Enjoy Tablet 2 ကို မိတ်ဆက်

Huawei က တန်ဖိုးနည်း Enjoy Tablet 2 ကို ကြေညာလိုက်ပြီး 4/64GB ကို ၁၆၀၀ ယွမ်နဲ့ 4/128GB ကို ၁၈၀၀ ယွမ် သတ်မှတ်ထားပါတယ်။ ၃ သိန်း ၁ သောင်းနဲ့ ၃ သိန်း ၅ သောင်းလောက်ပဲ အသီးသီး ကျသင့်မှာ ဖြစ်ပါတယ်။ သူ့မှာ ၁၀.၁ လက်မ 1920x1200p မျက်နှာပြင် ပါလာပြီး ၁ လက်မကို Pixel သိပ်သည်းဆမှာ ၂၂၄ ဖြစ်ပါတယ်။

သိပ်မမိုက်တာက စွမ်းရည်သင့် Kirin 710A Chipset သုံးထားတာ ဖြစ်ပေမယ့် သူ့ဈေးနဲ့ တန်ပါတယ်။ 14nm Process နဲ့ တည်ဆောက်ထားတာ ဖြစ်ပြီး Cortex-A73 နဲ့ A53 Core ၄ လုံးစီ ပါပါတယ်။ Mali-G51 MP4 GPU ထည့်ထားပါတယ်။

ဘက်ထရီက 5100mAh ဖြစ်ပြီး 10W Charging ထောက်ပံ့ထားပါတယ်။ စပီကာ ၂ လုံးပဲ ပါလာပြီး နားကြပ်ပေါက်ကို မဖြုတ်ထားပါဘူး။ နောက်လလယ်မှာ ရောင်းမှာ ဖြစ်ပြီး တရုတ်မှာ ကြိုတင်မှာယူနိုင်ပါပြီ။

Ref : gsmarena

%d bloggers like this: