Huawei က စွမ်းရည်မြင့် MatePad 10.8 ကို ကြေညာ

Huawei က တက်ဘလက် အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ MatePad 10.8 လို့ နာမည်ပေးထားပြီး ၁၀.၈ လက်မ IPS LCD 2560x1600p မျက်နှာပြင် ထည့်သွင်းထားပါတယ်။ M Pencil Stylus ပါလာပြီး တက်ဘလက်နဲ့ တွဲဖက် သုံးနိုင်တဲ့ Keyboard လည်း ထုတ်လုပ်ပေးထားပါတယ်။

စွမ်းရည်မြင့် Kirin 990 Chipset မောင်းနှင်ထားပြီး microSD Card စိုက်နိုင်ပါတယ်။ Android 10 အခြေပြု EMUI 10.1 ပါလာပြီး ဘေးဘက်မှာ Harman Kardon ရဲ့ စပီကာ ၄ လုံး တပ်ဆင်ထားပါတယ်။ 7,500mAh ဘက်ထရီ ထောက်ပံ့ထားပြီး အရှေ့ဘက်မှာ 8MP နဲ့ အနောက်ဘက်မှာ 13MP ကင်မရာတွေ ပါလာပါတယ်။ Champagne Gold နဲ့ Silver Gray ၂ ရောင် ထုတ်လုပ်ထားပြီး နောက်လလယ်မှာ ရောင်းမှာပါ။

WiFi Model ပဲ ထုတ်လုပ်ထားပြီး 6/64GB ကို ၂၄၀၀ ယွမ်နဲ့ 6/128GB ကို ၂၈၀၀ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၄ သိန်း ၆ သောင်းနဲ့ ၅ သိန်း ၄ သောင်း အသီးသီး ကျသင့်မှာပါ။ 5G Version လည်း နောက်ပိုင်းမှာ ထွက်လာနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: