OPPO A72 5G ကို တရုတ်မှာ ရောင်းပြီ

OPPO က A72 5G ကို တရုတ်မှာ ပြီးခဲ့တဲ့ ၁ ပတ်က ကြေညာခဲ့ပြီး MediaTek Dimensity 720 5G Chipset ပါတဲ့ ကမ္ဘာ့ ပထမဆုံး ဖုန်းဖြစ်ပါတယ်။ အခုတော့ သူ့ကို တရုတ်မှာ ရောင်းပေးလိုက်ပါပြီ။ အရောင် ၃ ရောင် ထုတ်လုပ်ထားပြီး 8/128GB Version ၁ မျိုးပဲ ရောင်းမှာပါ။ ၁,၈၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၃ သိန်း ၇ သောင်းလောက် ကျသင့်မှာပါ။

OPPO က ဧပြီလမှာ A72 ကို ကြေညာခဲ့ပြီး အခုအလုံးက 5G မော်ဒယ် ဖြစ်ပါတယ်။ OPPO A72 5G လို့ နာမည်ပေးထားပြီး 4G နဲ့ 5G မော်ဒယ်မှာ ကွဲပြားချက်တွေ ပါပါတယ်။ 5G မှာ အသစ်စက်စက် ကြေညာထားတဲ့ Dimensity 720 SoC နဲ့ 4G မှာ SD665 Chipset ထည့်ထားပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ ၆.၅ လက်မ FullHD+ LCD ထည့်ထားပေမယ့် 5G မှာ 90Hz နဲ့ 4G မှာ 60Hz Refresh Rate ပါလာပါတယ်။

4G ရဲ့ အရှေ့ဘက်မှာ 16MP နဲ့ အနောက်ဘက်မှာ 48MP Main , 8MP Ultrawide , 2MP Macro နဲ့ 2MP Depth ကင်မရာတွေ ပါပါတယ်။ 5G ရဲ့ အရှေ့ဘက်မှာ 8MP နဲ့ အနောက်ဘက်မှာ 16MP Main , 8MP Ultrawide နဲ့ 2MP Depth ကင်မရာတွေ ထည့်ထားပါတယ်။ 4G မှာ 5,000mAh နဲ့ 5G မှာ 4,040mAh ဘက်ထရီတွေ ပါလာပြီး 18W Charging ထောက်ပံ့ထားပါတယ်။ 5G မှာ Android 10 အခြေပြု ColorOS 7.2 မောင်းနှင်ထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ ပါပါတယ်။

Ref : gizmochina

%d bloggers like this: