Hands-on ဓါတ်ပုံတွေ ထွက်လာတဲ့ realme V5

Realme ဟာ ဇူလိုင်လမှာ စမတ်ဖုန်း အသစ်တွေကို ချပြခဲ့ပါတယ်။ ဩဂုတ်လမှာလည်း ဖုန်းအသစ်တွေ ထပ်မံ မိတ်ဆက်တော့မှာပါ။ နောက်လ ၃ ရက်နေ့မှာ V Series အသစ်ကို ချပြမှာ ဖြစ်ပြီး V5 5G လို့ နာမည်ပေးထားမှာပါ။ အခုတော့ သူ့ရဲ့ Hands-on ဓါတ်ပုံတွေ ထွက်လာပါတယ်။

မကြာခင်က ထွက်ခဲ့တဲ့ Tmall က စာရင်းအရ V5 မှာ ၆.၅ လက်မ Full HD+ မျက်နှာပြင်ပါလာမှာ ဖြစ်ပြီး LCD အမျိုးအစား ဖြစ်ပါတယ်။ အနောက်ဘက်မှာ 48MP , 8MP, 2MP နဲ့ 2MP ကင်မရာ ၄ လုံး ထည့်ထားမှာပါ။ အရှေ့ဘက်မှာ 16MP ကင်မရာ ၁ လုံး ပါလာမှာ ဖြစ်ပါတယ်။

သူ့မှာ Dimensity 720 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး Octa-core CPU ထည့်ထားတာပါ။ သူ့မှာ 30W Dart Charge ပါတဲ့ 5,000mAh ဘက်ထရီ ၊ 5G တွေ ပါလာမှာ ဖြစ်ပြီး 6GB or 8GB RAM နဲ့ 128GB Storage ပါလာမှာပါ။ ပါဝါ ခလုတ်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထာပြီး ငွေနဲ့ အပြာ အရောင် ၂ မျိုး ထုတ်လုပ်ထားမှာပါ။

Ref : gsmarena

%d bloggers like this: