SD865+ ပါတဲ့ Xiaomi Mi 10 Pro Plus လာမည်

Xiaomi ဟာ စွမ်းရည်မြင့် Mi 10 Pro Plus ကို ဖန်တီးနေတဲ့ သတင်းတွေထွက်ပေါ်နေပြီး အခုတော့ Geekbench မှာ သူ့ကို တွေ့လာရပါပြီ။ သူ့မှာ Snapdragon 865+ Chipset မောင်းနှင်ထားတယ်လို့ ဖော်ပြထားပြီး ဈေးကွက်ထဲ ရောင်းချနေတဲ့ Mi 10 နဲ့ Mi 10 Pro မှာ SD865 ပဲ ထည့်ထားတာပါ။ Mi 10 Pro Plus မှာ 12GB RAM ပါလာမယ်လို့ Geekbench မှာ ဖော်ပြထားပါတယ်။

ဒီ ၁ ပတ်အစောပိုင်းမှာ သူ့ကို AnTuTu မှာ တွေ့ခဲ့ရပြီး ၆.၆၇ လက်မ Curved AMOLED Full HD+ မျက်နှာပြင် ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ 120Hz Refresh Rate ထောက်ပံ့ထားနိုင်တဲ့အတွက် ဂိမ်း ကစားရင် အရမ်းလန်းမှာပါ။

အဲဒီဖုန်းမှာ 108MP Main ကင်မရာ ပါမယ်လို့ အရင်က သတင်းထွက်ခဲ့ပါတယ်။ အခုတော့ 48MP Main ကင်မရာပဲ ထည့်ထားနိုင်တယ်လို့ သတင်းထွက်လာပါတယ်။ အနောက်ကင်မရာတွေထဲမှာ Superwide Lens , Macro နဲ့ Zoom ကင်မရာတွေ ပါလာမှာ သေချာပါတယ်။ အနောက်ကင်မရာ ၃ လုံး သို့မဟုတ် ၄ လုံး ထည့်ထားမလားဆိုတာ မသိရသေးပါဘူး။ 120W Fast Charging ပါလာမယ်လို့ သတင်းထွက်နေတဲ့အတွက် အားသွင်းနှုန်းက ဖလန်းဖလန်းထနေမှာပါ။

Ref : gizmochina

%d bloggers like this: