SD720G ပါတဲ့ OPPO Reno4 4G ကို ထိုင်းမှာ ကြေညာ

OPPO က Reno4 Pro နဲ့ OPPO Watch ကို အိန္ဒိယမှာ ကြေညာလိုက်ပြီး အိန္ဒိယမှာ မကြေညာခင် နာရီပိုင်း အလိုမှာ Reno4 Global Version ကို ထိုင်းမှာ မိတ်ဆက်လိုက်ပါတယ်။ သူ့မှာ FHD+ AMOLED မျက်နှာပြင်၊ SD720G တွေ ပါပါတယ်။

Reno4 Global ဟာ အိန္ဒိယက Reno3 Pro နဲ့ များစွာ တူပြီး 48MP Main အပါအဝင် အနောက်ဘက်မှာ ကင်မရာ ၄ လုံးနဲ့ အရှေ့ဘက်မှာ 32+2MP ကင်မရာ ၂ လုံး ထည့်သွင်းထားပါတယ်။ 30W VOOC Flash Charge 4.0 ထောက်ပံ့တဲ့အတွက် အားသွင်းနှုန်းက လန်းမှာပါ။

OPPO Reno4 Global specifications

• Display: 6.43-inch (2400 × 1080 pixels) Full HD+ 2.5D AMOLED display; Corning Gorilla Glass protection
• SoC: Octa Core Snapdragon 720G 8nm Mobile Platform (Dual 2.3GHz Kryo 465 A76 + Hexa 1.8GHz Kryo 465 A55 CPUs) with Adreno 618 GPU
• RAM: 8GB LPDDR4x
• ROM: 128GB (UFS 2.1)
• OS: Android 10 with ColorOS 7.2
• SIM: Dual Nano SIM + MicroSD
• Cameras: Rear – 48MP (primary) + 8MP (ultra-wide) + 2MP (likely to be depth) +2MP (likely to be macro)
• Front – 32MP (primary) +2MP (depth)
• In-display fingerprint sensor
• Connectivity: Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5.0, GPS/GLONASS/Beidou, USB Type-C
• Dimensions: 160.3×73.9×7.7 mm; Weight: 165g
• Battery: 4000mAh with 30W VOOC Flash Charge 4.0 fast charging
• Colors: Galactic Blue and Space Black

ထိုင်းမှာ ဘတ် ၁၁၉၉၀ သတ်မှတ်ထားပြီး မြန်မာငွေ ၅ သိန်း ၂ သောင်းလောက် ရှိပါတယ်။ နောက်လ ၅ ရက်နေ့မှာ ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: