Ryzen 5 CPU , Pop-up ကင်မရာ ပါတဲ့ Honor MagicBook 15 ကို ကြေညာ

Honor က အိန္ဒိယမှာ ကုမ္ပဏီရဲ့ ပထမဆုံး လက်ပ်တော့ကို ကြေညာလိုက်ပါတယ်။ MagicBook 15 ဖြစ်ပြီး သူ့မှာ ၁၅.၆ လက်မ Full HD မျက်နှာပြင် ပါပါတယ်။ Screen-to-body Ratio က ၈၇ ရာခိုင်နှုန်း ရှိပြီး အလူမီနီယမ် ကိုယ်ထည်နဲ့ တည်ဆောက်ထားပါတယ်။ မျက်နှာပြင်ဘေးဘောင်ပျောက် ဒီဇိုင်းက မိုက်ပါတယ်။

2nd Gen AMD Ryzen 5 Processor မောင်းနှင်ထားပြီး Magic Link 2.0 ပါပါတယ်။ Pop-up Webcam ၁ လုံးကို ကီးဘုတ်က ကင်မရာ ခလုတ်အောက်မှာ မြှပ်နှံထားပါတယ်။ ခလုတ်ကို နှိပ်လိုက်တာနဲ့ ကင်မရာ ပေါ်လာမှာပါ။ လက်ဗွေရာ ကိရိယာကို ပါဝါ ခလုတ်အောက်မှာ မြှပ်နှံထားပြီး အပူချိန်လျှော့ချပေးတဲ့ ပန်ကာ တပ်ဆင်ထားပါတယ်။

HONOR MagicBook 15 specifications

• 15.6-inch ( 1920 x 1080 pixels) 16:9 display, TÜV Rheinland Certified
• AMD Ryzen 5 3500U Mobile Processor with Radeon Vega 8 Graphics
• 8GB DDR4 dual-channel RAM, 256GB PCIe NVME SSD
• Windows 10
• 3.5mm audio jack, Fingerprint power button
• Pop-up webcam
• Magic-Link 2.0
• WiFi 802.11 ac (dual-band), Bluetooth 5.0, USB Type- C x 1 (Supports charging and data transfer), HDMI x 1, USB3.0 (Type A) x 1, USB2.0 (Type A) x 1
• Dimensions: 322.5 x 214.8 x 15.9mm; Weight: About 1.38kg
• 42Wh (Rated capacity) battery with 65W Type- C Power Adapter with fast charging (53% in 30 minutes), up to 9.5 hours of local video playback on a single full charge

Space Gray နဲ့ Mystic Silver ၂ ရောင် ထုတ်လုပ်ထားပြီး ၄၂၉၉၀ ရူပီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၇ သိန်း ၇ သောင်းလောက်ရှိပြီး နောက်လ ၆ ရက်နေ့ ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: