WearOS ပါတဲ့ OPPO Watch ကို ကြေညာပြီ

OPPO က အိန္ဒိယမှာ ကုမ္ပဏီရဲ့ ပထမဆုံး WearOS ပါတဲ့ စမတ်နာရီကို ကြေညာလိုက်ပါတယ်။ OPPO Watch လို့ နာမည်ပေးထားပြီး ၄၆ မီလီမီတာ မော်ဒယ်မှာ ၁.၉၁ လက်မ 3D Flexible AMOLED မျက်နှာပြင်ထည့်ထားပါတယ်။ ရေအနက် ၅၀ မီတာအထိ ဝတ်ဆင်နိုင်ပါတယ်။ ၄၁ မီလီမီတာ မော်ဒယ်မှာ ၁.၆ လက်မ AMOLED မျက်နှာပြင် ထည့်သွင်းထားပြီး ရေအနက် ၃၀ မီတာအထိ ဝတ်ဆင်နိုင်ပါတယ်။ ၂ လုံးစလုံးမှာ Snapdragon 3100 & Apollo 3 Dual Processor မောင်းနှင်ထားပြီး WiFi ပါပေမယ့် တရုတ်မော်ဒယ်မှာလို eSIM မပါလာပါဘူး။

အလူမီနီယမ် ကိုယ်ထည် တပ်ဆင်ထားပြီး သားရေ လက်ပတ်ကြိုး ပါပါတယ်။ Watch VOOC Flash Charge နည်းပညာ ထည့်သွင်းထားပြီး ၄၁ မီလီမီတာ မော်ဒယ်ကို ၁၄၉၉၀ ရူပီးနဲ့ ၄၆ မီလီမီတာ မော်ဒယ်ကို ၁၉၉၉၀ ရူပီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၂ သိန်း ၇ သောင်းနဲ့ ၃ သိန်း ၆ သောင်းလောက် အသီးသီး ကျသင့်မှာပါ။ နောက်လ ၁၀ ရက်နေ့မှာ ရောင်းမှာပါ။

OPPO Watch specifications

• 1.6-inch (320 x 360 pixels) (41mm) AMOLED screen / 1.91-inch (402 x 476 pixels) (46mm) curved AMOLED screen with 100% DCI-P3 Color Gamut
• Qualcomm Snapdragon 3100 & Ambiq Micro Apollo 3 processor
• 1GB RAM, 8GB storage
• 3-axis accelerometer sensor, Gyroscope sensor, Geomagnetic sensor, Barometric pressure sensor, Optical heart rate sensor, Ambient light sensor
• Tracking indoor and outdoor running, outdoor walking, outdoor cycling, swimming and more
• WearOS, compatible with Android and iOS
• Water resistant (5ATM 46mm / 3ATM 41mm)
• WiFi 802.11n 2.4GHz, Bluetooth 4.2 LE, built-in GPS, NFC for payments
• 300mAh (typical) / 289mAh (minimum) for 41mm with 24 hours of usage in smart mode, 14 days in long battery mode
• 430mAh (typical) / 416mAh (minimum) for 46mm with 36 hours of usage in smart mode, 21 days in long battery mode

Ref : fonearena

%d bloggers like this: