Huawei MateBook D 14/15 ကို ကြေညာ

Huawei က MateBook လက်ပ်တော့ အသစ်တွေကို ကြေညာလိုက်ပြီး MateBook D 14 နဲ့ MateBook D15 တို့ ဖြစ်ပါတယ်။ သူတို့မှာ AMD ရဲ့ နောက်ဆုံးထုတ် Ryzen 4000 Series Processor တွေ ထည့်သွင်းထားပါတယ်။

MateBook D 14
သူ့မှာ ၁၄ လက်မ FullHD မျက်နှာပြင် တပ်ဆင်ထားပြီး မျက်နှာပြင် အထက်နဲ့ဘေးက ဘောင်တွေက ပါးလွှာတဲ့အတွက် ဒီဇိုင်း လန်းပါတယ်။ အထူက ၁၅.၉ မီလီမီတာနဲ့ အလေးချိန်က ၁.၃၈ ကီလိုဂရမ် ရှိပါတယ်။ အရမ်းပေါ့ပါးတဲ့ လက်ပ်တော့ ဖြစ်ပြီး Ryzen 5 4500U or Ryzen 7 4700U Processor တွေ ထည့်သွင်းထားပါတယ်။ 16GB RAM နဲ့ 512GB SSD Storage တွေ ပါလာပါတယ်။

MateBook D 15
MateBook D 15 ဟာ D14 နဲ့ များစွာ တူပြီး Full HD မျက်နှာပြင်၊ ပါးလွှာတဲ့ ဘောင်တွေ ပါပါတယ်။ Ryzen 5 4500U or Ryzen 7 4700U Processor တွေ ထည့်သွင်းထားပြီး 16GB RAM, 512GB SSD Storage တွေ ပါပါတယ်။ အထူက ၁၆.၉ မီလီမီတာနဲ့ အလေးချိန်က ၁.၅၃ ကီလိုဂရမ် ရှိပါတယ်။

မော်ဒယ် ၂ ခုစလုံးမှာ ဖုန်းနဲ့ ချိတ်ဆက်ပြီး ဖုန်း ပြောနိုင်ပြီး Screen Mirroring ထောက်ပံ့ထားပါတယ်။

ဈေးနှုန်း

• MateBook D 14 (Ryzen 5 4500U) – 4,099 Yuan (roughly 585 US Dollars)
• MateBook D 14 (Ryzen 7 4700U) – 4,599 Yuan (roughly 656 US Dollars)
• MateBook D 15 (Ryzen 5 4500U) – 4,199 Yuan (roughly 599 US Dollars)
• MateBook D 15 (Ryzen 7 4700U) – 4,699 Yuan (roughly 670 US Dollars)

တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၈ သိန်းလောက်ရှိပါတယ်။

Ref : gizmochina

%d bloggers like this: