ဩဂုတ်လ ၃ ရက်နေ့ ကြေညာမှာ သေချာသွားတဲ့ Google Pixel 4a

Google ရဲ့ တန်ဖိုးနည်း Pixel 4a ရဲ့ သတင်းများစွာ ထွက်နေပါတယ်။ သူ့ကို ကြေညာဖို့ အချိန်ဟာလည်း အကြောင်းအမျိုးမျိုးကြောင့် နောက်ဆုတ်ခဲ့ရပါတယ်။ အခုတော့ Google က ဩဂုတ်လ ၃ ရက်နေ့မှာ ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။

ဒီလလယ်လောက်ကလည်း Google ကိုယ်တိုင်က သူ့ ဓါတ်ပုံကို မတော်တဆ ကနေဒါ စတိုးမှာ တင်မိခဲ့ပါတယ်။ မျက်နှာပြင် အထက် ဘယ်ဘက်နားက Punch Hole မှာ ကင်မရာ ၁ လုံးနဲ့ အနောက်ဘက်မှာ ကင်မရာ ၁ လုံးကို Flash ၁ လုံးနဲ့ ပူးတွဲထားပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ ထည့်သွင်းထားပြီး နားကြပ်ပေါက် ပါလာပါတယ်။ ဘေးဘက်မှာ အဖြူရောင် ပါဝါ ခလုတ်ကို မြင်ရပါတယ်။ ဖုန်းမျက်နှာပြင်မှာ မေလ ၁၂ ရက်နေ့လို့ ဖော်ပြထားတဲ့အတွက် I/O Conference မှာ ကြေညာဖို့ စီစဉ်ထားခဲ့ပေမယ့် နောက်ဆုတ်ခဲ့တာဖြစ်နိုင်ပါတယ်။

အရင်က Google ရဲ့ စွမ်းရည်သင့် Pixel 4a ရဲ့ Hands-on Video ထွက်ပေါ်လာပြီး ၅.၈၁ လက်မ 1080x2340p မျက်နှာပြင် ထည့်သွင်းထားပါတယ်။ Snapdragon 730 Chipset မောင်းနှင်ထားမယ်လို့ သိရပါတယ်။ တန်ဖိုးနည်း ဖုန်း ဖြစ်တဲ့အတွက် 60Hz Refresh Rate ပဲ ထည့်ထားပြီး 4K Video နဲ့ EIS ထောက်ပံ့တဲ့ 12MP အနောက်ကင်မရာနဲ့ 8MP ဆဲလ်ဖီး ကင်မရာ ပါလာမှာပါ။

Video အရ ထိပ်ဖက်မှာ နားကြပ်ပေါက်နဲ့ အောက်ခြေမှာ USB-C Port တပ်ဆင်ထားပြီး ဘက်ထရီက 3,080mAh ဖြစ်ပါတယ်။ 6GB RAM/ 64GB Storage ပါလာပြီး Dual SIM ထောက်ပံ့ပါတယ်။ Pixel 4a မှာ Android 10 မောင်းနှင်ထားမှာ ဖြစ်ပြီး 3,080mAh ဘက်ထရီပဲ ပါလာမယ့်အတွက် သိပ်တော့ မမိုက်ပါဘူး။ သူ့မှာ 5G မပါဘဲ 4G ပဲပါလာမှာဖြစ်ပြီး NFC, WiFi a/b/g/n နဲ့ Bluetooth ဆက်သွယ်မှုတွေ ထောက်ပံ့ထားမှာပါ။

Ref : gsmarena

%d bloggers like this: