Xiaomi Mi TV Stick ကို ဩဂုတ်လ ၅ ရက်နေ့ အိန္ဒိယမှာ ရောင်းမည်

Xiaomi India က Mi TV Stick ကို ဩဂုတ်လ ၅ ရက်နေ့မှာ ရောင်းပေးတော့မှာ ဖြစ်ပြီး နိုင်ငံတကာမှာ သူ့ကို မကြာခင်က ချပြခဲ့ပြီးပါပြီ။ Xiaomi Mi TV Stick က သင့်ရဲ့ ရိုးရိုးတီဗီကို စမတ်တီဗီ အဖြစ် ပြောင်းပေးနိုင်တဲ့ ကိရိယာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိရောင်းချထားတဲ့ Mi Box S လို 4K ကို မထောက်ပံ့ဘဲ FullHD ပဲ ထောက်ပံ့ထားပါတယ်။ အဲဒီအတွက်လည်း ပိုဈေးသက်သာပြီး ယူရို ၄၀ လောက်ပဲရှိပါတယ်။ မြန်မာငွေ ၆ သောင်းလောက်ပဲ ရှိပြီး ရောင်းမယ့်အချိန်ကို မသိရသေးပါဘူး။ အိန္ဒိယ ရောင်းဈေးကို မသိရသေးပါဘူး။

သူ့မှာ Amlogic S905 Y2 Chipset မောင်းနှင်ထားပြီး 1GB RAM , 8GB Storage ပါပါတယ်။ သူနဲ့ Remote ကို Bluetooth 4.2 ကနေ ချိတ်ဆက်ရမှာ ဖြစ်ပြီး သူ့မှာ ပါတဲ့ HDMI 2.0 Plug နဲ့ တီဗီက HDMI Port မှာ ချိတ်ဆက်ရမှာပါ။ WiFi 5 ထောက်ပံ့ထားပါတယ်။ Remote မှာ Netflix, Amazon Prime Video နဲ့ Google Assistant တို့အတွက် သီးခြား ခလုတ်တွေ ပါပါတယ်။ Dolby Audio နဲ့ DTS Support တွေ ထောက်ပံ့ထားပါတယ်။

Mi TV Stick specifications

• 1080p video output via HDMI
• Quad core Cotex A53 processor with ARM Mali-450 GPU
• 1GB RAM, 8GB storage
• Android TV 9.0, Chromecast
• Google Assistant with hotkey, voice remote
• Netflix and Prime Video with hot keys, Google Play Store for more apps
• Dimensions: Dimensions: 92.4 x 30.2 x 15.2;Weight: 28.5g
• Wi-Fi 802.11 ac (2.4GHz / 5GHz), Bluetooth 4.2, micro USB power port
• VideoDecoder: VP9-10, H.265, H.264, VC-1, MPEG1 / 2/4, real 8/9/10
• Audio: DOLBY, DTS

Mi TV Stick ရဲ့ 4K Version ကို Xiaomi က မပြောသေးပေမယ့် အရင်သတင်းတွေအရ ထွက်လာနိုင်ပါတယ်။

Ref : gsmarena , fonearena

%d bloggers like this: