5100mAh ဘက်ထရီ ပါတဲ့ ၈ လက်မ Huawei MatePad T8 ကို ကြေညာတော့မည်

Huawei India က MatePad T8 ကို မကြာခင် ကြေညာတော့မယ်လို့ သတင်းပေးလိုက်ပါတယ်။ သူ့ကို မေလက တခြားနိုင်ငံတွေမှာ ကြေညာထားပြီးပြီ ဖြစ်ပြီး ၈ လက်မ HD+ မျက်နှာပြင် ပါပါတယ်။ Screen-to-body Ratio မှာ ၈၀ ရာခိုင်နှုန်းရှိပြီး သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားပါတယ်။ Octa-core MediaTek MT8768 SoC မောင်းနှင်ထားပြီး 2GB RAM ပါပါတယ်။ အနောက်ဘက်မှာ 5MP Autofocus ကင်မရာနဲ့ အရှေ့ဘက်မှာ 2MP ကင်မရာ ထည့်ထားပါတယ်။


Android 10 အခြေပြု EMUI 10.0.1 မောင်းနှင်ထားပြီး 5100mAh ဘက်ထရီ ပါပါတယ်။ 5W Charging နဲ့ microUSB Port ပဲ ပါတာက သိပ်မမိုက်ပါဘူး။ ဗီဒီယိုတွေ ကြည့်ရင် ၁၂ နာရီနဲ့ အင်တာနက် ကြည့်ရင် ၁၂ နာရီ အသုံးခံပါတယ်။ Deepsea Blue အရောင်ထုတ်လုပ်ထားပါတယ်။ အိန္ဒိယ ရောင်းဈေး မသိရသေးပေမယ့် ဥရောပမှာ ၁၁၂ ဒေါ်လာနဲ့ ရောင်းထားပြီး မြန်မာငွေ ၁ သိန်းခွဲလောက်ပဲ ရှိပါတယ်။

HUAWEI MatePad T8 specifications

• Display: 8-inch (1280 x 800 pixels) HD+ LCD screen
• SoC: Octa-Core MediaTek MT8768 (4 x 2.0GHz Cortex-A53 +4 x 1.5GHz Cortex-A53) with IMG GE8320 650 GPU
• RAM: 2GB
• ROM: 16GB/32GB; expandable memory up to 512GB
• OS: EMUI 10.0.1 based on Android 10
• Rear camera: 5MP AF f/2.2 aperture
• Front camera: 2MP f/2.4 aperture
• Dimensions: 199.7 x 121.1 x 8.55 mm; Weight: 310g
• Connectivity: LTE support, Wi-Fi 802.11 b/g/n/ac 2.4GHz and 5GHz, Bluetooth 5.0 LE, GPS, micro USB, 3.5mm jack
• Battery: 5100mAh with support for 5W charging
• Colour: Deepsea Blue

Ref : fonearena

%d bloggers like this: