မိတ်ဆက်ပွဲ မတိုင်ခင် Specs တွေ ပေါက်ကြားလာတဲ့ Vivo S7

Vivo S Series အသစ်ကို ဩဂုတ်လ ၃ ရက်နေ့မှာ တရားဝင် ကြေညာတော့မှာ ဖြစ်ပါတယ်။ Vivo S7 လို့ နာမည်ပေးထားပြီး သူ့ရဲ့ ဓါတ်ပုံတွေနဲ့ Specs တွေ မကြာခင်က ပေါက်ကြားထွက်ပေါ်ခဲ့ပါတယ်။ အခုလည်း ဓါတ်ပုံ ၁ ပုံကနေ သူ့ရဲ့ အဓိက Specs တွေ ထွက်ပေါ်လာပါတယ်။

Vivo S7 မှာ 44MP Main ကင်မရာ အပါအဝင် ဆဲလ်ဖီး ကင်မရာ ၂ လုံးကို Notch မှာ ထည့်သွင်းထားမှာ ဖြစ်ပြီး အနောက်ဘက်မှာ 64MP Main ကင်မရာရဲ့ အောက်မှာ အပို ကင်မရာ ၂ လုံး တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ အနောက်ကင်မရာတွေရဲ့ ဒီဇိုင်းဟာ X50 Pro နဲ့ ဆင်တူပါတယ်။

Vivo S7 မှာ Snapdragon 765G Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး အထူက ၇.၃၉ မီလီမီတာပဲရှိပါတယ်။ အနက်၊ အဖြူနဲ့ အပြာရောင်တွေ ထုတ်လုပ်ထားမှာ ဖြစ်ပြီး အရောင်ပြောင်း ဒီဇိုင်းတွေ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: