Redmi 9 Prime ကို အိန္ဒိယမှာ ဩဂုတ်လ ၄ ရက်နေ့ ကြေညာမည်

Xiaomi က Redmi 9 Prime ကို အိန္ဒိယမှာ ဩဂုတ်လ ၄ ရက်နေ့ ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ Xiaomi က အဲဒီ စမတ်ဖုန်းရဲ့ Teaser တွေကို အရင်က မျှဝေခဲ့ဖူးပြီး ဓါတ်ပုံမှာ Prime လို့ ရေးသားထားသလို NINE စာသားကိုတွေ့ရတဲ့အတွက် Redmi 9 Prime ဆိုတာ သေချာပါတယ်။

Redmi 9 နဲ့ Redmi 9 Prime မှာ ဘာတွေကွဲပြားမလဲဆိုတာ မသိရသေးပါဘူး။ Redmi 9 မှာ ၆.၅၃ လက်မ LCD FullHD+ မျက်နှာပြင်ပါလာပြီး Helio G80 SoC မောင်းနှင်ထားပါတယ်။ MIUI 11 ထည့်ထားပြီး MIUI 12 ရမှာပါ။ Notch မှာ 8MP ကင်မရာ ထည့်ထားပါတယ်။ အနောက်ဘက်မှာ 13MP Main, 8MP Ultrawide , 5MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံးပါလာပြီး လက်ဗွေရာ ကိရိယာ ထည့်ထားပါတယ်။

Redmi 9 မှာ 5,020mAh ဘက်ထရီ ပါတဲ့အတွက် ဘက်ထရီ သက်တမ်း အရမ်းလန်းမှာပါ။ USB-C Port နဲ့ 18W Charging ထောက်ပံ့ထားပါတယ်။ ဒါပေမယ့် 10W Charger ပဲ ထည့်ထားတဲ့အတွက် ဒီထက်ပိုမြန်ချင်ရင် Charger ဝယ်ရမှာပါ။

Ref : gsmarena

%d bloggers like this: