realme V5 ရဲ့ အဓိက Specs နဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာ

realme ဟာ V5 ကို ဒီလ ၂၇ ရက်နေ့မှာ ကြေညာမယ်လို့ သတင်းထွက်ခဲ့ပေမယ့် မဖြစ်လာခဲ့ဘဲ နောက်လ ၃ ရက်နေ့ကျမှ ကြေညာမှာပါ။ အခုတော့ realme V5 ရဲ့ အဓိက Specs နဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာပါတယ်။ သူ့မှာ 30W Dart Charge ပါတဲ့ 5,000mAh ဘက်ထရီ ၊ 5G တွေ ပါလာမှာ ဖြစ်ပြီး အနောက်ဘက်မှာ 48MP , 8MP, 2MP နဲ့ 2MP ကင်မရာ ၄ လုံး ထည့်ထားမှာပါ။ အရှေ့ဘက်မှာ 16MP ကင်မရာ ၁ လုံး ပါလာမှာ ဖြစ်ပါတယ်။

မကြာခင်ကလည်း သူ့ကို Tmall မှာ စာရင်းတင်ထားပြီ ဖြစ်ပြီး Specs တွေကို သိခဲ့ရပါတယ်။ 6GB or 8GB RAM နဲ့ 128GB Storage ပါလာမှာပါ။ သူ့မှာ Dimensity 720 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး Octa-core CPU ထည့်ထားတာပါ။

V5 မှာ ၆.၅ လက်မ Full HD+ မျက်နှာပြင်ပါလာမှာ ဖြစ်ပြီး LCD အမျိုးအစား ဖြစ်ပါတယ်။ ပါဝါ ခလုတ်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထာပြီး ငွေနဲ့ အပြာ အရောင် ၂ မျိုး ထုတ်လုပ်ထားမှာပါ။ ဈေးနှုန်းကို မသိရသေးပါဘူး။

Ref : gsmarena

%d bloggers like this: