Xiaomi က Redmi Note 9 Pro / Pro Max အတွက် Mi Protective Glass ကို ရောင်းချ

Xiaomi က အိန္ဒိယမှာ Redmi Note 9 Pro / Pro Max အတွက် Mi Protective Glass ကို ရောင်းချပေးလိုက်ပါတယ်။ Xiaomi က Corning နဲ့ ပူးပေါင်းပြီး Mi Protective Glass ကို ထုတ်လုပ်ထားတာလို့ ပြောပါတယ်။

Mi Protective Glass မှာ Oleophobic Coating အပါအဝင် အလွှာများစွာ ပါဝင်ပြီး Xiaomi က Soda Lime Tempered Glass ထက် ၅ ဆ ပိုမို ကာကွယ်နိုင်တယ်လို့ ပြောပါတယ်။ အရောင်နဲ့ မြင်ကွင်းလည်း ကြည်လင်ပြတ်သားပြီး 9H Hardness စံနှုန်းရှိတယ်လို့ သိရပါတယ်။

အထူက ၀.၄ မီလီမီတာပဲ ရှိပြီး လေမခိုအောင် အထူး ဖန်တီးထားပါတယ်။ 2.5D Edges တွေက ထိတွေ့အသုံးပြုရာမှာ ချောမွတ်ပါတယ်။ Redmi Note 9 Pro / Pro Max အတွက် Mi Protective Glass ကို Mi.com ကနေ ၃၉၉ ရူပီးနဲ့ ရောင်းပေးထားပြီ ဖြစ်ပြီး မြန်မာငွေ ၇ ထောင်လောက်ရှိပါတယ်။

Ref : gizmochina

%d bloggers like this: