Samsung Galaxy Z Fold 2 5G ရဲ့ ဓါတ်ပုံတွေ ထွက်လာပြီ

Galaxy Note 20 နဲ့ Galaxy Z Fold 2 ကို ဩဂုတ်လ ၅ ရက်နေ့ ကြေညာမယ်လို့ မကြာခင်က သတင်းထွက်လာပြီး ကိုရိုနာဗိုင်းရက်စ်ကြောင့် အွန်လိုင်းကနေပဲ မိတ်ဆက်မှာပါ။ အခုတော့ Galaxy Z Fold 2 5G ရဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာပြီး Mystic Bronze နဲ့ Mystic Black ၂ ရောင်တွေ့ရပါတယ်။ အတွင်းဘက် မျက်နှာပြင်မှာ Punch Hole ဆဲလ်ဖီး ကင်မရာ ၁ လုံး ပါလာတဲ့အတွက် အရင်လို ရုပ်ဆိုးတဲ့ Notch မပါတော့ပါဘူး။

အပြင်ဘက် မျက်နှာပြင်ဟာလည်း ပိုကောင်းလာပြီး ဘောင်ပျောက် ဒီဇိုင်းက ပိုလန်းလာပါတယ်။ သူ့မှာလည်း Punch Hole ဆဲလ်ဖီး ကင်မရာ ၁ လုံးပါလာမှာပါ။ အနောက်ကင်မရာတွေရဲ့ ဒီဇိုင်းဟာ Galaxy Note20 နဲ့ တူပါတယ်။

အရင်သတင်းတွေအရ သူ့ရဲ့ အပြင်ဘက်မျက်နှာပြင်ဟာ ၆.၂၃ လက်မနဲ့ အတွင်းဘက် မျက်နှာပြင်ဟာ ၇.၇ လက်မ အရွယ်အစားတွေ ဖြစ်ပြီး ၂ ခုစလုံးဟာ Super AMOLED တွေ ဖြစ်ပါတယ်။ မျက်နှာပြင်တွေမှာ 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ အနောက်ဘက်မှာ 12 MP + 64 MP + 12 MP ကင်မရာတွေနဲ့ အတွင်းဘက်မှာ 10MP ကင်မရာ ၁ လုံး ပါလာနိုင်ပါတယ်။ 15W Wireless Charging ပါတဲ့ 4,356mAh ဘက်ထရီနဲ့ 512GB Storage ထည့်သွင်းထားမှာပါ။

3C မှာ 25W Fast Charging ထည့်သွင်းထားမယ်လို့ ဖော်ပြထားပါတယ်။ ဈေးသက်သာတဲ့ 256GB Version ကိုလည်း 512GB Version နဲ့အတူ ထုတ်လုပ်ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena

%d bloggers like this: