တန်ဖိုးနည်း ၅.၄ လက်မ iPhone 12 ရဲ့ သတင်းထွက်ပေါ်လာ

၂၀၂၀ ခုနှစ် iPhone အသစ်တွေကို မြင်ရဖို့ ၂ လလောက်ပဲ လိုပါတော့တယ်။ အဲဒီ iPhone 12 Series မှာ တန်ဖိုးနည်း ၅.၄ လက်မ LCD မော်ဒယ်လည်း ပါပါတယ်။ အခုတော့ အဲဒီဖုန်းမှာ Notch ပါလာမှာ ဖြစ်ပြီး လက်ရှိ iPhone 11 နဲ့ အရွယ်အစား တူညီမယ်လို့သတင်းထွက်လာပါတယ်။

တန်ဖိုးနည်း iPhone 12 မှာ 2227mAh ဘက်ထရီ ပါလာနိုင်ပြီး LTE နဲ့ 5G မော်ဒယ် ၂ မျိုးထုတ်လုပ်ထားနိုင်ပါတယ်။ တန်ဖိုးအနည်းဆုံး LTE မော်ဒယ်ကို ၅၄၉ ဒေါ်လာနဲ့ ရောင်းနိုင်ပြီး iPhone 11 မှာလို အနောက်ကင်မရာ ၂ လုံး ထည့်သွင်းထားနိုင်ပါတယ်။ တခြား iPhone 12 Series တွေမှာလို ထောင့်ဘက်တွေက ပြားချပ်တဲ့ ဒီဇိုင်း ဖြစ်နိုင်ပါတယ်။

iPhone 12 Series မှာ Semco နဲ့ Sunny Optical Lenses ကို အသုံးပြုထားမယ်လို့ ထင်ရပြီး စွမ်းဆောင်ရည် ပိုကောင်းလာနိုင်သလို Autofocus လည်း ပိုမိုက်လာနိုင်ပါတယ်။ Periscope Telephoto Sensor ပါတဲ့ ပထမဆုံး iPhone တွေကို ၂၀၂၂ ခုနှစ်လောက်မှာ ကြေညာနိုင်တယ်လို့ သတင်းထွက်နေပါတယ်။ iPhone 12 Series ကို စက်တင်ဘာလ ၈ ရက်နေ့မှာ ကြေညာနိုင်ပါတယ်။

ref : gsmarena

%d bloggers like this: