Huawei Maimang 9 5G ရဲ့ တရားဝင် ဓါတ်ပုံတွေ ထွက်လာပြီ

Huawei က ဒီနေ့မှာ Maimang 9 5G ကို တရုတ်မှာ ကြေညာတော့မှာဖြစ်ပြီး အဲဒီဖုန်းဟာ Enjoy 20s ရဲ့ တရုတ် မော်ဒယ် ဖြစ်တယ်လို့ သိရပါတယ်။ မိတ်ဆက်ပွဲ မတိုင်ခင်မှာပဲ Tmall မှာ သူ့ကို စာရင်းတင်ထားပြီး အရောင်နဲ့ Specs တွေကိုဖော်ပြထားပါတယ်။

Maimang 9 မှာ ၆.၈၁ လက်မ IPS LCD Full HD+ မျက်နှာပြင်ထည့်ထားမှာပါ။ ဘေးဘက်လက်ဗွေရာ ကိရိယာနဲ့ Dimensity 800 5G SoC ပါလာမှာပါ။ 22.5W Fast Charging ထောက်ပံ့တဲ့ 4,300mAh ဘက်ထရီ ထည့်ထားမှာ ဖြစ်ပြီး အရှေ့ဘက်မှာ 8MP ကင်မရာ တပ်ဆင်ထားမှာပါ။ 64MP , 8MP Ultrawide နဲ့ 2MP အနောက်ကင်မရာ ၃ လုံးပါလာမှာ ဖြစ်ပြီး Android 10 အခြေပြု EMUI 10.1.1 မောင်းနှင်ထားမှာပါ။

Tmall မှာ Qijing Forest (gradient green), Sakura Snow Clear Sky (gradient white) နဲ့ Magic Night Black ၃ ရောင် ထုတ်လုပ်ထားပြီး 6/128GB နဲ့ 8/128GB ၂ မျိုး ထုတ်လုပ်ထားမှာပါ။ သူ့ကို ကြေညာဖို့ နာရီပိုင်းပဲ လိုတော့တဲ့အတွက် မကြာခင်မှာ သူ့ရဲ့ သတင်းအချက်အလက် အပြည့်အစုံကို တရားဝင် သိလာရမှာပါ။

Ref : gizmochina

%d bloggers like this: