Xiaomi Black Shark 3S အတွက် Pro Version ထွက်မှာ မဟုတ်

Xiaomi က Black Shark 3 ကို ဒီနှစ် အစောပိုင်းမှာ ကြေညာခဲ့သလို သူ့ထက် အရွယ်ကြီးတဲ့ မျက်နှာပြင်၊ ဘက်ထရီတွေ ပါတဲ့ Black Shark 3 Pro ကိုပါ ချပြခဲ့ပါတယ်။ အခုတော့ Black Shark 3S ကို မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် Pro Version ကိုတော့ ထုတ်လုပ်ရောင်းချမှာ မဟုတ်ဘူးလို့ သတင်းထွက်လာပါတယ်။

Black Shark 3S ကို မကြာခင် ကြေညာနိုင်ပြီး Snapdragon 865+ SoC မောင်းနှင်ထားနိုင်ပါတယ်။ တရုတ်က Digital Chat Station က ဝီဘိုမှာ သူ့အတွက် Pro Version ထွက်လာမှာ မဟုတ်ဘူးလို့ သတင်းပေးထားပါတယ်။ နောက်နှစ် အစောပိုင်းမှာ ကြေညာမယ့် Black Shark 4 အတွက် Pro Version ထွက်လာနိုင်ပါတယ်။

လက်ရှိမှာ Black Shark 3S ရဲ့ သတင်းအချက်အလက်များစွာ မသိရသေးပါဘူး။ CEO က ပြီးခဲ့တဲ့ ရက်အနည်းငယ်က သူ့ရဲ့ Teaser တွေကို မျှဝေခဲ့ပေမယ့် Specs တွေကို မပြောခဲ့ပါဘူး။ သူ့မှာ AMOLED မျက်နှာပြင်၊ မြင့်မားတဲ့ Refresh Rate ၊ စတီရီယို စပီကာတွေနဲ့ 65W Fast Charging ထက် လန်းတဲ့ အားသွင်းနည်းပညာတွေ ပါလာနိုင်ပါတယ်။

Black Shark 3S ဟာ လက်ရှိထွက်ထားတဲ့ Asus ROG Phone 3 နဲ့ Lenovo Legion Phone Duel တို့ကို ယှဉ်ပြိုင်မှာ ဖြစ်သလို နောက်ထွက်မယ့် Nubia Red Magic 5S နဲ့လည်း ပြိုင်ဖက်တွေ ဖြစ်လာမှာပါ။

Ref : gizmochina

%d bloggers like this: