iPhone 12 Series ကြေညာမယ့်နေ့ ထွက်လာပြီ

Apple က စက်တင်ဘာလမှာ iPhone အသစ်တွေကို ကြေညာလေ့ရှိတဲ့အတွက် iPhone 12 Series ကို မြင်ရဖို့ သိပ်မလိုတော့ပါဘူး။ ဒါပေမယ့် Apple က ကြေညာမယ့် နေ့ကို တရားဝင် မပြောသေးပါဘူး။ အခုတော့ စက်တင်ဘာလ ၈ ရက်နေ့မှာ မိတ်ဆက်ပွဲ ကျင်းပမယ်လို့ သတင်းထွက်လာပါတယ်။ iPhone 12 Series နဲ့အတူ Apple Watch Series 6 ကိုပါ ချပြမယ်လို့ သိရပါတယ်။ ဒါ့အပြင် iPad Pro အသစ်၊ Apple Glass နဲ့ Apple Chip ပါတဲ့ MacBook တို့ကို အောက်တိုဘာလ ၂၇ ရက်နေ့မှာ ကြေညာမယ်လို့ သတင်းထွက်လာပါတယ်။

Apple ဟာ အရင်နှစ်က iPhone 11 Series တွေကို စက်တင်ဘာလ ၁၀ ရက် ၊ အင်္ဂါနေ့မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ် စက်တင်ဘာလ ၈ ရက်နေ့ကလည်း အင်္ဂါနေ့ ဖြစ်ပါတယ်။ iPad အသစ်နဲ့ iPhone , AirPods တွေအတွက် AirPower Charging Pad ကိုလည်း မကြာခင် ရောင်းတော့မယ်လို့ သတင်းထွက်လာပါတယ်။ ကိုဗစ်ကြောင့် ဒီနှစ် မိတ်ဆက်ပွဲကို အွန်လိုင်းကနေပဲ ကျင်းပနိုင်ပါတယ်။ အောက်တိုဘာလ ၂၇ ရက်နေ့မှာ Apple Chip ပါတဲ့ MacBook , MacBook Pro 13 , iPad Pro အသစ်တွေနဲ့ သတင်းများစွာ ထွက်နေတဲ့ Apple Glass တို့ကို မြင်ရနိုင်ပါတယ်။

မကြာခင်ကပဲ တန်ဖိုးအနည်းဆုံး iPhone 12 ကို ၇၄၉ ဒေါ်လာနဲ့ ရောင်းနိုင်တယ်လို့ သတင်းထွက်လာတဲ့အတွက် မြန်မာငွေနဲ့တွက်ရင် ၁၀ သိန်းလောက်ကျသင့်မှာပါ။ အရင်မျိုးဆက်ထက် ၅၀ ဒေါ်လာ ပိုများသွားနိုင်ပါတယ်။ ဈေးများသွားပေမယ့် 5G ပါလာတဲ့အတွက် Fans တွေက ဝမ်းသာအားရနဲ့ ဝယ်ကြမယ်လို့လည်း လေ့လာဆန်းစစ်သူက ပြောပါတယ်။ အဲဒီ အခြေခံမော်ဒယ်မှာ ၅.၄ လက်မ OLED မျက်နှာပြင်နဲ့ အနောက်ကင်မရာ ၂ လုံး ထည့်သွင်းထားမယ်လို့ သတင်းထွက်လာပါတယ်။

iPhone 12 Series ရဲ့ ဈေးတွေ အရင်ကလည်း ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ ၆.၁ လက်မ မျက်နှာပြင်ပါတဲ့ iPhone 12 Pro ကို ၉၉၉ ဒေါ်လာ၊ ၆.၇ လက်မ မျက်နှာပြင် ပါတဲ့ iPhone 12 Pro Max ကို ၁၀၉၉ ဒေါ်လာ သတ်မှတ်ထားမယ်လို့ သိရပါတယ်။

ref : gizmochina

%d bloggers like this: