DxOMark ရဲ့ ကင်မရာ စမ်းသပ်ချက်မှာ ရမှတ် အရမ်းလန်းတဲ့ Redmi K30 Pro Zoom

DxOMark က Redmi K30 Pro Zoom ရဲ့ ကင်မရာတွေကို စမ်းသပ်စစ်ဆေးလိုက်ပြီး စုစုပေါင်း ၁၂၀ မှတ် ရသွားပါတယ်။ အရင်နှစ်ထုတ် Huawei Mate 30 Pro နဲ့ Xiaomi Mi CC9 Pro တို့ရဲ့ နောက်မှာ ကပ်လိုက်လာပါတယ်။

Redmi K30 Pro Zoom ဟာ Autofocus Speed, Exposure , White Balance Accuracy အပိုင်းမှာ အရမ်းကို ကောင်းမွန်ပြီး Outdoor က Standard နဲ့ Zoom Shots တွေမှာ အရမ်းကို အသေးစိတ်ကျတယ်လို့ DxOMark က သုံးသပ်ပါတယ်။

ဒါပေမယ့် တခါတလေ Texture နဲ့ အရောင်ထုတ်လုပ်မှု အပိုင်းမှာ အားနည်းတတ်ပါတယ်။ Indoor က Zoom Shot တွေမှာလည်း အသေးစိတ်သိပ်မကျပါဘူး။ မြင်ကွင်းကျယ် ကင်မရာက Noise နဲ့ Dynamic Range တွေမှာ အားနည်းတတ်ပါတယ်။

Ref : gsmarena

%d bloggers like this: