Redmi Note 9 Pro vs realme 6i vs Samsung Galaxy M31: Specs Comparison

realme က အိန္ဒိယမှာ တန်ဖိုးနည်း realme 6i ကို ပူပူနွေးနွေး ကြေညာထားပါတယ်။ သူ့ကို နိုင်ငံတကာမှာ realme 6s နာမည်နဲ့ ရောင်းချထားပြီးပြီ ဖြစ်ပါတယ်။ အဲဒီအတွက် အိန္ဒိယက realme 6i ဟာ တခြား နိုင်ငံက မော်ဒယ်တွေနဲ့ မတူညီပါဘူး။နိုင်ငံတကာနဲ့ မော်ဒယ် မတူဘဲ အိန္ဒိယမှာ ရောင်းချပေးထားတဲ့ နောက်ထပ် ဖုန်း ၁ လုံးက Redmi Note 9 Pro ဖြစ်ပြီး သူ့ကို ဥရောပမှာ Redmi Note 9s နာမည်နဲ့ ရောင်းထားတာပါ။ အဲဒီဖုန်း ၂ လုံးနဲ့အတူ မကြာခင်က ကြေညာထားပြီး ဈေးချင်း သိပ်မကွာတဲ့ Samsung Galaxy M31 ကို နှိုင်းယှဉ်ပေးလိုက်ပါတယ်။


ဈေးနှုန်း

realme 6i ကို အိန္ဒိယမှာ ၁၂,၉၉၉ ရူပီး ၊ Galaxy M31 ကို ၁၆,၄၉၉ ရူပီးနဲ့ Redmi Note 9 Pro ကို ၁၃,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၂ သိန်း ၃ သောင်း၊ ၃ သိန်းနဲ့ ၂ သိန်း ၆ သောင်းလောက် အသီးသီး ကျသင့်မှာပါ။

အကျဉ်းချုပ် သုံးသပ်ချက်

Galaxy M31 ဟာ အားလုံးထဲမှာ ဈေးအကြီးဆုံး ဖြစ်သလို ဘက်ထရီ ၊ ကင်မရာနဲ့ AMOLED မျက်နှာပြင်တွေက ပိုကောင်းပါတယ်။ ဒါပေမယ့် ကျန်တဲ့ ၂ လုံးနဲ့ သိပ်တော့ မကွာပါဘူး။ ဈေးချိုတာ ကြိုက်ရင်တော့ Redmi Note 9 Pro နဲ့ realme 6i ထဲက ရွေးပါ။ သူတို့ရဲ့ အားသာချက် ၊ အားနည်းချက် အသေးစိတ်ကို အောက်မှာ လေ့လာပါ။

Xiaomi Redmi Note 9 Pro vs Realme 6i vs Samsung Galaxy M31: PROs and CONS

Xiaomi Redmi Note 9 Pro
PROs
• Great hardware
• Glass back
• Wider display
• IR blaster
CONS
• Nothing particular

Realme 6i
PROs
• Powerful hardware
• 90 Hz refresh rate
• Water-sealed
• Faster charging
CONS
• Smaller battery

Samsung Galaxy M31
PROs
• Huge battery
• Super AMOLED display
• Great cameras
• NFC (it depends on the region)
CONS
• Inferior hardware

Ref : gizmochina

%d bloggers like this: