realme C15 မှာ Helio G35 နဲ့ 13MP Main ကင်မရာ ပါလာနိုင်

realme က C11 ကို ပူပူနွေးနွေးကြေညာထားပြီး အခုလည်း နောက်ထပ် C Series စမတ်ဖုန်း အသစ် ၁ လုံးကို မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ realme C15 လို့ နာမည်ပေးထားပြီး ဒီလ ၂၈ ရက်နေ့ အင်ဒိုနီးရှားမှာ ကြေညာမှာ ဖြစ်ပါတယ်။

သူ့ရဲ့ Specs တွေကို ကုမ္ပဏီက ဘာမှ မပြောသေးပေမယ့် သူ့မှာ အရွယ်ကြီး 6,000mAh ဘက်ထရီ၊ Helio G35 Chipset နဲ့ 13MP Main ကင်မရာ ပါမယ်လို့ သတင်းထွက်လာပါတယ်။ Octa-core Chipset မှာ Cortex-A53 Core ၈ လုံးပါလာမှာ ဖြစ်ပြီး 3GB နဲ့ 4GB RAM ၂ မျိုး ထုတ်လုပ်ထားမယ်လို့ သိရပါတယ်။ အဲဒီအတွက် realme C11 ထက် စွမ်းဆောင်ရည် မြင့်မားမှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ 13MP Main နဲ့အတူ 8MP Ultrawide , 2MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံး ထည့်သွင်းထားမှာ ဖြစ်ပြီး အရွယ်သေး Notch မှာ 5MP ဆဲလ်ဖီး ကင်မရာ ၁ လုံး ပါလာမှာပါ။

realme C15 မှာ 18W Charging ပါလာမှာ ဖြစ်ပါတယ်။ realme မကြာခင်က မျှဝေထားတဲ့ ဓါတ်ပုံအရ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားမှာ ဖြစ်ပြီး ကင်မရာတွေကို လေးထောင့်အကွက်ထဲမှာ ထည့်ထားပါတယ်။ အပြာနဲ့ အဖြူရောင်ကို တွေ့ရပြီး အရွယ်သေး Notch ပါလာပါတယ်။ မျက်နှာပြင်အောက် ဘောင်က နည်းနည်း ထူနေတာက တန်ဖိုးနည်း စမတ်ဖုန်းမှန်း သိသာပါတယ်။ အင်ဒိုနီးရှား အပြင် မလေးရှား၊ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတွေမှာလည်း ရောင်းချနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: