Facebook က Messenger Rooms မှာ Live Broadcast လုပ်ဆောင်ချက် ထည့်သွင်းပေးလိုက်ပြီ

Facebook က Messenger Rooms မှာ Facebook ကို Live Broadcast ထုတ်လွှင့်နိုင်တဲ့ လုပ်ဆောင်ချက် ထည့်သွင်းပေးလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။ အစပိုင်းမှာ Live Broadcast မှာ လူ ၅၀ အထိ ပါဝင်နိုင်ပြီး စာသင်တာ၊ သင်တန်းပေးတာ၊ အင်တာဗျူးလုပ်တာတွေလို ကိစ္စတွေအတွက် အသုံးဝင်ပါတယ်။

Live Broadcast ပြုလုပ်ဖို့အတွက် Messenger မှာ Room ၁ ခု ဖန်တီးပြီး Profile , Page , Group တွေမှာ တိုက်ရိုက် ထုတ်လွှင့်နိုင်ပါတယ်။ Room ဖန်တီးသူက Facebook အကောင့် မရှိသူတွေကိုတောင် Broadcast ကို ကြည့်ရှုဖို့ ဖိတ်ကြားနိုင်ပါတယ်။ Room ဖန်တီးသူက Facebook မှာ မျှဝေမယ့် နေရာတွေနဲ့ ကြည့်ရှုမယ့် လူတွေကို ထိန်းချုပ်နိုင်ပါတယ်။

ဖိတ်ကြားပြီးတာနဲ့ Room မှာ ပါဝင်သူတွေဟာ Notification ရရှိမှာ ဖြစ်ပြီး ပါဝင်နိုင်သလို မပါဝင်ချင်လည်း ရပါတယ်။ Live Broadcast မှာ လူတွေ ထည့်သွင်း၊ ဖယ်ရှားတာနဲ့ Room ကို Lock/ Unlock လုပ်တာကို Room ဖန်တီးသူက ထိန်းချုပ်နိုင်ပါတယ်။ Live Broadcast ကို နိုင်ငံတချို့မှာ Facebook နဲ့ Messenger အတွက် ဖြန့်ချိပေးလိုက်ပြီ ဖြစ်ပြီး မကြာခင်မှာ နိုင်ငံများစွာမှာ ရကြမှာပါ။

Ref : fonearena

%d bloggers like this: