Samsung Galaxy Note20 Ultra 5G မှာ 25W Charger ပါမည်

Galaxy Note20 Series ကို နောက်လ ၅ ရက်နေ့မှာ အွန်လိုင်းကနေ ကြေညာတော့မှာ ဖြစ်ပြီး သူတို့နဲ့အတူ Samsung က Galaxy Z Flip 5G , Galaxy Fold 2 နဲ့ Galaxy Tab S7 တို့ကိုပါ ချပြမှာပါ။ Galaxy Note20 Series တွေမှာ 45W Fast Charging ထည့်သွင်းထားမှာ ဖြစ်ပေမယ့် Samsung က သူ့ရဲ့ ထုံးစံအတိုင်းပဲ ဘူးထဲမှာ 25W Charger ပဲ ထည့်ပေးထားမယ်လို့ သတင်းထွက်လာပါတယ်။ နာမည်ကျော် Leakster ၁ ယောက်ဖြစ်တဲ့ Rquandt က Galaxy Note20 နဲ့ Note20 Ultra ၂ လုံးစလုံးမှာ 25W Charger ပဲ ပါမယ်လို့ ပြောပါတယ်။

Samsung Ukraine က Galaxy Note20 Ultra ရဲ့ ဓါတ်ပုံတွေကို မတော်တဆ ဝက်ဘ်ဆိုက်မှာ မကြာခင်က တင်မိခဲ့ပါတယ်။ Mystic Bronze အရောင်လို့ ဖော်ပြထားပြီး Galaxy Note9 ရဲ့ Metallic Copper အရောင်နဲ့ ဆင်တူပါတယ်။ အနောက်ဘက် ဘယ်ဘက်ခြမ်းမှာ ကင်မရာ ၃ လုံးကို ဒေါင်လိုက် တပ်ဆင်ထားပြီး ညာဘက်မှာ Sensor နဲ့ LED Flash တွေ ပါပါတယ်။ အဲဒီအရာ အားလုံးကို လေးထောင့်ကွက်ထဲမှာ ထည့်သွင်းထားပြီး ကင်မရာ ၁ လုံးချင်းစီမှာ Ring တွေ ကွပ်ထားပါတယ်။

S Pen ရဲ့ သွင်ပြင်ဟာ အများကြီး မပြောင်းလဲထားပါဘူး။ ပါဝါနဲ့ အသံခလုတ်တွေကို ညာဘက်မှာ ထည့်သွင်းထားပါတယ်။ Galaxy Note10 နဲ့ Note10+ တို့မှာလို ဘယ်ဘက်ခြမ်းမှာ တပ်ထားတာ သိပ်မမိုက်ပါဘူး။

Ref : gsmarena

%d bloggers like this: