Foxconn က အိန္ဒိယမှာ iPhone 11 ကို စတင် ထုတ်လုပ်နေပြီ

Foxconn က အိန္ဒိယက Chennai စက်ရုံမှာ iPhone 11 ဖုန်းတွေကို စတင် ထုတ်လုပ်နေပြီ ဖြစ်ပါတယ်။ အဲဒီသတင်းကို ဒေသတွင်း မီဒီယာတွေက အတည်ပြုထားပြီး အရင်နှစ်ကလည်း iPhone XR ကို အိန္ဒိယမှာ ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ အခုတော့ iPhone 11 ကိုပါ Made In India အနေနဲ့ ထုတ်လုပ်ရောင်းချနိုင်ပြီ ဖြစ်ပါတယ်။

အရင်ကတော့ Apple ဟာ ပထမမျိုးဆက် iPhone SE , iPhone 6s နဲ့ 7 Series တွေကို အိန္ဒိယမှာ Wistron ကနေ ထုတ်လုပ်ခဲ့ပါတယ်။ အိန္ဒိယမှာ ထုတ်လုပ်တဲ့အတွက် Apple ဟာ တင်သွင်းခွန် ၂၀ ရာခိုင်နှုန်း သက်သာသွားပြီး iPhone ရောင်းဈေးကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် Apple ဟာ စွမ်းရည်မြင့် ဈေးကွက်မှာ ပိုမို ဦးဆောင်နိုင်မှာ ဖြစ်ပြီး အိန္ဒိယမှာ iPhone 11 ကို လူကြိုက်များတယ်လို့ သိရပါတယ်။ အရင် သတင်းတွေအရ Foxconn ဟာ အိန္ဒိယက စက်ရုံတွေမှာ ဒေါ်လာ ၁ ဘီလီယမ် ရင်းနှီးမြှပ်နှံမယ်လို့ သိရပြီး ကုန်ထုတ်လုပ်မှုအတွက် တရုတ်ကို မှီခိုနေရတာကို လျှော့ချဖို့အတွက် ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: