Facebook Messenger က Chat တွေကို Face ID နဲ့ ကာကွယ်လို့ ရပြီ

Facebook က iOS ရဲ့ Messenger က စာတွေကို သူများတွေ ခိုးကြည့်လို့ မရအောင် ကာကွယ်နိုင်တဲ့ လုပ်ဆောင်ချက် အသစ် ၁ ခုကို စမ်းသပ်နေပါတယ်။ အဲဒီ လုပ်ဆောင်ချက်ကို On ထားရင် User ဟာ Messenger ကို ဖွင့်တဲ့အခါမှာ Face ID, Touch ID , Passcode တို့နဲ့ Authenticate လုပ်ရမှာပါ။ ဖုန်း Unlock ဖြစ်နေချိန်မှာတောင် ဒီလို သက်သေခံရမှာပါ။ လာမယ့် လအနည်းငယ်အတွင်းမှာ Android အတွက် ဖြန့်ချိပေးနိုင်ပါတယ်။

အဲဒီ လုပ်ဆောင်ချက်ကို App Lock လို့ နာမည်ပေးထားပြီး Privacy Section အသစ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ အဲဒီ Section မှာ သင် Block လုပ်ထားတဲ့ လူတွေကို စီမံခန့်ခွဲနိုင်ပါတယ်။ Facebook က အလားတူ လုပ်ဆောင်ချက်မျိုး ဖြစ်တဲ့ Secret Conversation ကို ပြုလုပ်ပေးထားပေမယ့် လူသိပ်မသုံးတဲ့အတွက် အခုလို App Lock ကို ဖန်တီးပေးလိုက်တာပါ။

ဒါ့အပြင် App ပိတ်ပြီးနောက် ပြန်ပြီး သက်သေခံရမယ့် အချိန်ကိုလည်း သတ်မှတ်ထားနိုင်ပါတယ်။ Facebook က “ ဒီလုပ်ဆောင်ချက်က User တွေ သူတို့ရဲ့ Message တွေကို သူများတွေ မမြင်အောင် ကာကွယ်ဖို့ အသုံးဝင်ပါတယ်။ “ လို့ ပြောပါတယ်။

တခြား နာမည်ကျော် Chat Apps တွေမှာလည်း Encrypted Messaging အပါအဝင် အလားတူ Security Settings တွေ ထည့်သွင်းထားကြတဲ့အတွက် Facebook ကလည်း Messenger ရဲ့ လုံခြုံရေးကို တိုးတက်အောင် ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။ Messenger မှာ Secret Conversations လို့ခေါ်တဲ့ Encrypted Messaging လုပ်ဆောင်ချက် ထည့်ပေးထားပြီးပါပြီ။

Ref : engadget

%d bloggers like this: