Facebook က Page တွေမှာ Like Count ဖျောက်တာကို စမ်းသပ်နေ

Facebook က Page တွေအတွက် ဒီဇိုင်းအသစ်ကို စမ်းသပ်နေပြီး Like Count နဲ့ Like Button တွေကို ဖျောက်ထားပါတယ်။ Facebook Page တွေမှာ Like အဆုံးသတ်သွားမှာလား စောင့်ကြည့်ရမှာပါ။ သရုပ်ဆောင်၊ စာရေးသူ၊ တေးဂီတ အဖွဲ့တွေ၊ Creators တွေနဲ့ အင်္ဂလိပ် ဘာသာစကား သုံးတဲ့ စီးပွားရေး လုပ်ငန်း Page တွေမှာ စမ်းသပ်နေပါတယ်။

Facebook က “ Public Figures နဲ့ Creators တွေဟာ ကပ်ရောဂါ ကာလမှာ Fans တွေနဲ့ ဆက်သွယ်ဖို့အတွက် Page တွေကို ပိုသုံးလာကြပါတယ်။ ဒီအချိန်ဟာ Page ဒီဇိုင်း အသစ်ကို စမ်းသပ်ဖို့နဲ့ အသုံးပြုရတာ ပိုလွယ်ကူအောင် လုပ်ဆောင်ချက် အသစ်တွေ ထည့်သွင်းပေးဖို့ အချိန်ကောင်း ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

ဒီဇိုင်း အသစ်ဟာ ပိုရှင်းလင်းပြီး Page Bio , Posts နဲ့ တခြား သတင်းအချက်အလက်တွေကို ပြသပေးထားပါတယ်။ Like Count မပါတာကိုတော့ လူတွေက ကျယ်ကျယ်လောင်လောင် ပြောနေကြပါတယ်။ Twitter ကလည်း Follower Count တွေ ဖျောက်ဖို့ အကြောင်း ပြောခဲ့ဖူးပြီး Instagram ကတော့ ပို့စ်တွေက Like Count ကို တကယ် ဖျောက်ခဲ့ပါတယ်။ အခုတော့ Facebook က Page တွေမှာ Like Count ဖျောက်တာကို စမ်းသပ်နေပါပြီ။

Facebook က Page တွေမှာ Follower အရေအတွက်နဲ့ Follow Button ကိုပဲ ပြသပေးမှာ ဖြစ်ပါတယ်။ အဲဒီလုပ်ဆောင်ချက်တွေကို စမ်းသပ်နေတဲ့ လူတွေဟာ News Feed ဒီဇိုင်း အသစ်ကိုပါ မြင်ရမှာ ဖြစ်ပြီး ဥပမာ အနေနဲ့ Page တွေဟာ Facebook App က ပို့စ်တွေမှာ Page အနေနဲ့ Comment ပေးနိုင်ပါပြီ။

Ref : wersm

%d bloggers like this: