Huawei FreeBuds 3i နားကြပ်ကို အိန္ဒိယမှာ ရောင်းပြီ

Huawei က FreeBuds 3i လို့ နာမည်ပေးထားတဲ့ Truly Wireless Earbuds ကို အိန္ဒိယမှာ Amazon Prime Day နေ့ ရောင်းချပေးတော့မှာပါ။ သူဟာ Freebuds 3 ရဲ့ တန်ဖိုးနည်း မော်ဒယ် ဖြစ်ပြီး Active Noise Cancellation (ANC) ပါပါတယ်။ ဘက်ထရီ သက်တမ်းက အရမ်းလန်းပြီး ဝတ်ဆင်ရတာ သက်တောင့်သက်သာရှိပါတယ်။ Touch Controls တွေ ပါတဲ့အတွက် သုံးရတာ တော်တော် မိုက်ပါတယ်။

အပြင်ဘက်မှာ မိုက်ကရိုဖုန်း ၂ လုံးနဲ့ အတွင်းဘက်မှာ ၁ လုံး ထည့်သွင်းထားပြီး ပတ်ဝန်းကျင်က ဆူညံသံတွေကို ဖယ်ရှားရာမှာ အရမ်းကို ကောင်းပါတယ်။ Huawei ဟာ ဆူညံမှုကို 32dB အထိ လျှော့ချပေးနိုင်တယ်လို့ ပြောပါတယ်။

HUAWEI FreeBuds 3i specifications

• Bluetooth 5.0
• 10mm dynamic drivers
• Active noise cancellation, Ambient noise cancellation up to 32 dB for different types of ear canal
• Double-tap control for Play/Pause music and Answer/End calls, Long Tap for ANC
• Pop-up and pair with devices running EMUI10 or above
• Dimensions: 41.8 x 23.7 x 19.8 mm (per earbud);80.7 x 35.4 x 29.2 mm (charging case); Weight: 5.5 g (per earbud), 51 g (charging case)
• 37mAh battery (per bud) offers 3.5 hr. playback on 1 charge, 14.5 hr. playback with charging case (410mAh battery), USB Type-C (5V 1.2A 6W) for charging case

Huawei FreeBuds 3i အတွက် Ceramic White နဲ့ Carbon Black ၂ ရောင် ထုတ်လုပ်ထားပြီး Amazon.in ကနေ ဩဂုတ်လ ၆ ရက်နေ့မှာ ရောင်းမှာပါ။ Amazon Prime Day မှာ ၉၉၀၀ ရူပီးနဲ့ ရောင်းပေးမှာ ဖြစ်ပြီး မြန်မာငွေ ၁ သိန်း ၈ သောင်းလောက် ရှိပါတယ်။

Ref : fonearena

%d bloggers like this: