SD865+ , 5000mAh ဘက်ထရီ ပါတဲ့ Lenovo Legion Phone Duel ကို ကြေညာပြီ

Lenovo က Legion Phone Duel ကို ကြေညာလိုက်ပြီး Legion Brand ရဲ့ ပထမဆုံး Gaming ဖုန်း ဖြစ်ပါတယ်။ 144Hz Refresh Rate နဲ့ 240Hz Touch Sampling Rate ပါတဲ့အတွက် ဂိမ်း ကစားရင် ရှယ်လန်းမှာပါ။ Dual Liquid Cooling , 4D Vibration နဲ့ Ultrasonic Trigger Button ၂ ခု ပါပါတယ်။ GAE Game Acceleration Engine ပါတဲ့အတွက် Supported Game တွေမှာ 120fps Frame Rate ကို တည်ငြိမ်စေပါတယ်။ Link Boost လုပ်ဆောင်ချက်က အင်တာနက်လိုင်း မကျအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။

သူ့ရဲ့ ထူးခြားချက်က ဖုန်း ဘေးဘက်မှာ 20MP Pop Up ကင်မရာ ထည့်ထားတာ ဖြစ်ပြီး အလျားလိုက် အနေအထားနဲ့ အလန်းစား ဆဲလ်ဖီးတွေ ဆွဲနိုင်စေမယ့် Software လုပ်ဆောင်ချက် ၁၀ ခု ပါပါတယ်။ 90W Super Flash Charge က ၁၀ မိနစ်အတွင်း ၅၀ ရာခိုင်နှုန်းနဲ့ ၃၀ မိနစ်အတွင်း ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ 45W နဲ့ 65W Charge ပါတဲ့ မော်ဒယ်တွေလည်း ထုတ်လုပ်ပေးထားပါတယ်။

Lenovo Legion Phone Duel specifications

• 6.65-inch (2340 × 1080 pixels) Full HD+ 144Hz AMOLED HDR display with DCI-P3 color gamut
• Octa-Core Snapdragon 865 Plus 7nm Mobile Platform (1 x 3.09 GHz Kryo 585 + 3 x 2.42GHz Kryo 585 + 4x 1.8 GHz Kryo 585) with Adreno 650 GPU
• 8GB / 12GB / 16GB LPDDR5 RAM, 128GB / 256GB / 512GB (UFS 3.1) storage
• Android 10 with ZUI 12/Legion OS
• Dual SIM (nano + nano)
• 64MP rear camera with 0.8μm pixel size, f/1.89 aperture, 16MP 120° ultra-wide camera with f/2.2 aperture, dual LED flash
• 20MP pop-up front camera with f/2.2 aperture
• USB Type-C audio, dual AWINIC 88264, 1.4cc dual speakers, 4 microphones
• In-display fingerprint sensor
• Multicolour rear LED, Dual Ultrasonic gaming sensors
• Dimensions: 169.17 x 78.48 x 9.9 mm; Weight: 239g
• 5G, Dual 4G VoLTE, Wi-Fi 802.11ax, Bluetooth 5.1, GPS/GLONASS/Beidou, QZSS(L1+L5), 2 x USB Type-C, NFC
• 5000mAh battery with 45W/65W/90W fast charging

8/128GB , 45W Charge ပါတဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၃၄၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၆ သိန်း ၉ သောင်းလောက်ရှိပါတယ်။ 16/512GB , 90W Charge ပါတဲ့ တန်ဖိုး အမြင့်ဆုံး မော်ဒယ်ကို ၅၉၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၁၂ သိန်းလောက်ရှိပါတယ်။

Ref : fonearena

%d bloggers like this: