၂၀၂၂ ထုတ် iPhone တွေမှာ Periscope Telephoto ကင်မရာ ပါလာနိုင်

Apple ဟာ ၂၀၂၂ ထုတ် iPhone Series မှာ Periscope Telephoto ကင်မရာကို မိတ်ဆက်ဖို့စီစဉ်နေတယ်လို့ လေ့လာဆန်းစစ်သူ Ming-chi Kuo က ပြောပါတယ်။ ဒီနှစ်ထုတ် iPhone တွေရဲ့ Autofocus Motor ကို ထုတ်လုပ်ပေးတဲ့ တောင်ကိုရီးယား ကုမ္ပဏီ Semco ဟာ Periscope ကင်မရာ ထက်ဝက်ခန့်ကို ထုတ်လုပ်ပေးမယ်လို့ သိရပါတယ်။

Periscope ကင်မရာတွေဟာ စမတ်ဖုန်းလို ကိရိယာတွေမှာ ရှည်လျားတဲ့ Focal Length ကို ပံ့ပိုးပေးတဲ့အတွက် Physical Depth အရမ်းလန်းပါတယ်။ အဲဒီ နည်းပညာကို တရုတ် ကုမ္ပဏီတွေ ဖြစ်တဲ့ OPPO , Huawei တို့က လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက သူတို့ရဲ့ စမတ်ဖုန်းတွေမှာ ထည့်သွင်းပေးထားကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့ ဖုန်းတွေမှာ 5x Zoom Lenses ထည့်ထားကြပြီး ဒီနှစ်မှာ Samsung ကလည်း အားကျမခံ Galaxy S20 Ultra နဲ့ ချပြလိုက်ပါတယ်။

၂၀၁၆ ထုတ် iPhone 7 Plus ဟာ အပို 2x Telephoto Lens ပါတဲ့ ပထမဆုံး ဖုန်း ၁ လုံး ဖြစ်လာပြီး Portrait ဓါတ်ပုံတွေအတွက် Depth Information ကို ပံ့ပိုးပေးထားပါတယ်။ Apple ဟာ အဲဒီနောက်ပိုင်းမှာ 2x Zoom ထက် မြင့်တာတွေ မထည့်ပေးတော့ပါဘူး။ ဒါပေမယ့် ပြိုင်ဖက်တွေက အဲဒီ အိုင်ဒီယာကို တိုးတက်အောင် ပြုလုပ်လာကြပါတယ်။ လက်ရှိ ရောင်းနေတဲ့ ဖုန်းတွေထဲမှာ Huawei P40 Pro ရဲ့ 10x Periscope Lens က အမြင့်ဆုံး ဖြစ်နေပါတယ်။

Ref : theverge

%d bloggers like this: