Huawei Enjoy 20s ရဲ့ Live ဓါတ်ပုံ ထွက်ပေါ်လာ

Huawei Enjoy 20s ရဲ့ သတင်းတွေ အခုနောက်ပိုင်း ခပ်စိတ်စိတ် ထွက်လာနေပါတယ်။ မကြာခင်ကပဲ သူ့ကို တရုတ် ဆက်သွယ်ရေး ကော်မရှင် TENAA မှာ မှတ်ပုံတင်ခဲ့ပြီး အခုတော့ သူ့ရဲ့ ဓါတ်ပုံ ၁ ပုံ ထွက်လာပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာကို ပါဝါ ခလုတ်အောက်မှာ မြှပ်နှံထားပြီး အနောက်ကင်မရာ ၃ လုံး ပါပါတယ်။ သူ့ကို ကြေညာမယ့် အချိန်ကို မသိရသေးပေမယ့် သိပ်မလိုတော့ဘူးလို့ ထင်ပါတယ်။

Huawei Enjoy 20s ကို မကြာခင်က TENAA မှာ မှတ်ပုံတင်လိုက်ပြီ ဖြစ်ပြီး Specs အပြည့်အစုံနဲ့ ဓါတ်ပုံတွေကို ဖော်ပြထားပါတယ်။ သူ့မှာ ၆.၈ လက်မ TFT FullHD+ မျက်နှာပြင်နဲ့ ဘယ်ဘက်အထက်နားမှာ Punch Hole ပါလာပါတယ်။ 2.0GHz Octa-core Processor မောင်းနှင်ထားပြီး Dimensity 800 SoC ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်ပါတယ်။


အနောက်ဘက်မှာ 64MP , 8MP နဲ့ 2MP ကင်မရာတွေနဲ့ အရှေ့ဘက်မှာ 16MP ကင်မရာ ထည့်သွင်းထားပါတယ်။ Android 10 မောင်းနှင်ထားမှာ ဖြစ်ပြီး 4GB , 6GB နဲ့ 8GB RAM တွေ ထည့်သွင်းထားနိုင်ပါတယ်။ Storage အနေနဲ့ 64GB, 128GB နဲ့ 256GB တွေ ရွေးချယ်နိုင်မှာ ဖြစ်ပြီး microSD Card Slot ပါလာမှာပါ။

ဘေးဘက်လက်ဗွေရာ ကိရိယာနဲ့ Dual-mode 5G (SA/NSA) ကို ထောက်ပံ့ပါတယ်။ အနက် ၊ အစိမ်းနဲ့ အပြာရောင်တွေ ထုတ်လုပ်ထားမှာ ဖြစ်ပြီး 4,200mAh ဘက်ထရီ ပံ့ပိုးထားမှာ ဖြစ်ပါတယ်။ Huawei က Enjoy 20s အကြောင်းကို ဘာမှ မပြောသေးပေမယ့် ပြီးခဲ့တဲ့ ၁ ပတ်ကပဲ Enjoy 20 ရဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာခဲ့တဲ့အတွက် မကြာခင် တရုတ်မှာ အဲဒီ စမတ်ဖုန်း ၂ လုံးကို ကြေညာနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: