OnePlus ဟာ TWS နားကြပ်နဲ့ OnePlus Nord ကို ကြေညာဖို့ နာရီပိုင်းပဲလိုပါတော့တယ်။ အခုတော့ တရားဝင် မိတ်ဆက်ပွဲ မတိုင်ခင်မှာ OnePlus Buds ရဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာပါတယ်။ အနက်၊ အဖြူနဲ့ အပြာရောင်တွေ ထုတ်လုပ်ထားတာတွေ့ရပြီး နားထဲ ထည့်သွင်း ဝတ်ဆင်ရတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ OnePlus ရဲ့ True Wireless Earbuds ဟာ AirPods နဲ့ အရမ်းကို တူပါတယ်။ ဒီဇိုင်းက တော်တော်လန်းပြီး လက်တံတွေ ပါပါတယ်။ မိုက်ကရိုဖုန်းဟာ ပါးစပ်နားကို ပိုကပ်တဲ့အတွက် ဖုန်း ပြောရင် အသံကြည်လင်ပြတ်သားမှာပါ။
In the latest OnePlus 8 update, OnePlus added a OnePlus Buds apk with full res images of the OnePlus Buds. Here are the renders. pic.twitter.com/KJFskESIpN
— Max Weinbach (@MaxWinebach) July 19, 2020
နားကြပ်ကို နားကနေ ချွတ်လိုက်ရင် သီချင်းကို အလိုလို ရပ်ပေးမှာ ဖြစ်ပြီး ပြန်တပ်လိုက်ရင် အလိုလို ဖွင့်ပေးမှာပါ။ ဖုန်း ပြောရင် အသံဆူညံတာကို ဖျောက်ပေးတဲ့ နည်းပညာ ပါလာမှာ ဖြစ်ပြီး Active Noise Canceling တော့ မပါလာပါဘူး။
နားကြပ်ရဲ့ ဘက်ထရီ သက်တမ်းဟာ ထိပ်တန်းအဆင့်ရှိမှာ ဖြစ်ပြီး ၇ နာရီ အသုံးခံမယ်လို့ ကုမ္ပဏီက မကြာခင်က သတင်းပေးထားပါတယ်။ Case က ဘက်ထရီက ၂၁ နာရီ အသုံးခံတဲ့အတွက် စုစုပေါင်း နာရီ ၃၀ လောက် သက်တမ်းရှိတာက မိုက်ပါတယ်။
OnePlus က ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ဖုန်းများစွာနဲ့ Bullets နားကြပ် အနည်းငယ်ကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ဒါပေမယ့် ကုမ္ပဏီက True Wireless Earbuds ကို မချပြသေးပါဘူး။ OnePlus Buds ဟာ ကုမ္ပဏီရဲ့ ပထမဆုံး TWS နားကြပ်ဖြစ်ပြီး သူ့ကို Nord နဲ့အတူ ၂၁ ရက်နေ့မှာ ကြေညာမယ်လို့ အတည်ပြုထားပါတယ်။
Ref : gsmarena