တရုတ်ရဲ့ 5G ဖုန်းဈေးကွက်မှာ ရောင်းအား အကောင်းဆုံး ဖြစ်ခဲ့တဲ့ Huawei

၂၀၂၀ မှာ 5G ဖုန်းဈေးကွက် တော်တော်ကြီးမားလာပြီ ဖြစ်ပြီး ၃ သိန်းလောက်ပဲရှိတဲ့ 5G ဖုန်းတွေတောင် ထွက်လာကြပါပြီ။ အမေရိကန်ရဲ့ 5G ဖုန်းဈေးကွက်ကို Samsung က အုပ်စိုးထားပေမယ့် တရုတ်မှာတော့ Huawei က ရောင်းအား အကောင်းဆုံးပါ။ တရုတ်မှာတင် မကဘဲ တစ်ကမ္ဘာလုံးမှာ Huawei က ဦးဆောင်နေပါတယ်။

CNMO က ကွာတား ၁ မှာ တရုတ်က 5G ဖုန်း ဈေးကွက်ရဲ့ ၆၃ ရာခိုင်နှုန်းကို Huawei က ပိုင်ဆိုင်ထားပြီး တစ်ကမ္ဘာလုံးမှာ ၄၀ ရာခိုင်နှုန်း ရထားတယ်လို့ စစ်တမ်း ထုတ်ပြန်လိုက်ပါတယ်။ Huawei က ကွာတား ၁ မှာ 5G ဖုန်း အလုံးရေ ၁၅ သန်း ရောင်းချနိုင်ခဲ့တယ်လို့ ပြောပြီး Samsung ကို နောက်ကောက်ချနိုင်ခဲ့တာပါ။

5G ဟာ အင်တာနက် အမြန်နှုန်း ပိုကောင်းလာစေတဲ့ အပြင် Cloud Computing , AI စတဲ့ နယ်ပယ်တွေမှာ များစွာ အကျိုးရှိစေမှာ ဖြစ်ပါတယ်။ နိုင်ငံများစွာမှာ 5G အခြေခံ အဆောက်အဦးတွေကို တည်ဆောက်နေကြပြီ ဖြစ်ပြီး တရုတ်၊ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ အပါအဝင် နိုင်ငံတချို့မှာ 5G ဝန်ဆောင်မှု ရနေကြပါပြီ။

5G ကို စီးပွားဖြစ် ဝန်ဆောင်မှုပေးတာ များလာတာနဲ့အမျှ ကုန်ကျစားရိတ် သက်သာသွားမှာ ဖြစ်ပါတယ်။ သိပ်မဝေးတော့တဲ့ အနာဂတ်မှာတော့ စမတ်ဖုန်း အားလုံးမှာ 5G ပါလာမှာပါ။

Ref : gizmochina

%d bloggers like this: