48MP Quad ကင်မရာနဲ့ 5020mAh ဘက်ထရီ ပါတဲ့ Redmi Note 9 ကို အိန္ဒိယမှာ ကြေညာပြီ

Redmi က အိန္ဒိယမှာ Note 9 ကို ကြေညာလိုက်ပြီး သူ့မှာ ၆.၅၃ လက်မ Full HD+ LCD မျက်နှာပြင် ပါလာပါတယ်။ Gorilla Glass 5 နဲ့ ကာကွယ်ထားပြီး MediaTek Helio G85 SoC မောင်းနှင်ထားပါတယ်။ SD665 ပါတဲ့ Redmi Note 8 ထက် စွမ်းရည် ၂၁ ရာခိုင်နှုန်း ပိုကောင်းတယ်လို့ Redmi က ပြောပါတယ်။

အနောက်ဘက်ဟာ 3D Curved ဒီဇိုင်း ဖြစ်ပြီး 22.5W Fast Charger နဲ့ 9W Reverse Charging ပါပါတယ်။ Pebble Grey, Arctic White နဲ့ Aqua Green ၃ ရောင် ထုတ်လုပ်ထားပြီး 4/64GB ကို ၁၁,၉၉၉ ရူပီး၊ 4/128GB ကို ၁၃,၄၉၉ ရူပီးနဲ့ 6/128GB ကို ၁၄,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၂ သိန်း ၂ သောင်း၊ ၂ သိန်း ၄ သောင်းနဲ့ ၂ သိန်း ၇ သောင်းလောက် အသီးသီး ကျသင့်မှာပါ။ ၂၄ ရက်နေ့မှာ Amazon India , Mi.com အပြင် မြေပြင်စတိုးတွေကနေ ရောင်းမှာပါ။

Redmi Note 9 specifications

• 6.53-inch (2340 × 1080 pixels) Full HD+ display with 450nit(typ) brightness, Corning Gorilla Glass 5 protection
• Octa Core MediaTek Helio G85 12nm processor (Dual 2GHz Cortex-A75 + Hexa 2GHz 6x Cortex-A55 CPUs) with up to 1000MHz ARM Mali-G52 2EEMC2 GPU
• 4GB LPPDDR4x RAM with 64GB (eMMC 5.1), 4GB / 6GB LPPDDR4x RAM with 128GB (eMMC 5.1) storage, expandable memory up to 512GB with microSD
• Dual SIM (nano + nano + microSD)
• Android 10 with MIUI 11
• 48MP rear cameras with Samsung GM1 sensor, f/1.79 aperture, PDAF, EIS, 0.8μm pixel size, LED flash, EIS, 8MP 118° ultra-wide angle lens with f/2.2 aperture, 2MP macro lens and 2MP depth sensor with f/2.4 aperture
• 13MP front camera with f/2.25 aperture
• Fingerprint sensor, IR sensor
• 3.5mm audio jack, 1216 Linear speaker, FM Radio
• Splash resistant (P2i coating)
• Dimensions: 162.38×77.2×8.95mm; Weight: 199g
• Dual 4G VoLTE, Wi-Fi 802.11 a/b/g/n, Bluetooth 5, GPS + GLONASS, USB Type-C
• 5020mAh (typical) / 4920mAh (minimum) battery, 22.5W in-box charger, 9w reverse charging

Ref : fonearena

%d bloggers like this: