အိန္ဒိယက Redmi Note 9 မှာ RAM ပိုပါမည်

ဧပြီလမှာ ကြေညာခဲ့တဲ့ Redmi Note 9 ကို အိန္ဒိယမှာ ၂၀ ရက်နေ့ ရောင်းပေးတော့မှာပါ။ 3/64GB နဲ့ 4/128GB ၂ မျိုး ထုတ်လုပ်ပေးထားမယ်လို့ သတင်းထွက်ခဲ့ပေမယ့် အခုတော့ အဲဒီမှာ 3GB RAM Version မရောင်းတော့ဘူးလို့ သတင်းထွက်လာပါတယ်။ 6GB RAM Version အသစ်ကို မိတ်ဆက်မယ်လို့ သိရပါတယ်။

Storage Option ကို မသိရသေးပေမယ့် 4/64GB နဲ့ 6/128GB ၂ မျိုး ထုတ်လုပ်ထားနိုင်ပါတယ်။ Redmi Note 9 မှာ ၆.၅၃ လက်မ FullHD+ LCD မျက်နှာပြင်နဲ့ Helio G85 SoC ပါပါတယ်။ 13MP ဆဲလ်ဖီး ကင်မရာနဲ့ အနောက်ဘက်မှာ 48MP Main, 8MP Ultrawide , 2MP Macro နဲ့ 2MP Depth ကင်မရာတွေ ထည့်သွင်းထားပါတယ်။

အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံကိရိယာ ပါလာပြီး 18W Charging ထောက်ပံ့တဲ့ 5,020mAh ဘက်ထရီ ထည့်ထားပါတယ်။ USB-C Port ပါတဲ့အတွက် ဒေတာ ကူးရင်၊ အားသွင်းရင် မြန်ပါတယ်။

Ref : gsmarena

%d bloggers like this: