တရုတ် ပြင်ပမှာ ရောင်းမယ့် Huawei Mate 40 Series မှာ Kirin Chipset မပါလာနိုင်

Huawei က လာမယ့် လအနည်းငယ်အတွင်းမှာ စွမ်းရည်မြင့် Mate 40 Series ကို ကြေညာတော့မှာ ဖြစ်ပါတယ်။ သူတို့မှာ Huawei ရဲ့ စွမ်းရည်မြင့် Kirin Chipset အသစ်တွေ ထည့်သွင်းထားမှာ သေချာပါတယ်။ အခုတော့ Huawei ဟာ Samsung ရဲ့ လမ်းစဉ်ကို လိုက်တော့မယ်လို့ သတင်းထွက်လာပါတယ်။ တရုတ်မှာ Kirin 1000 SoC ပါတဲ့ Mate 40 Series တွေကို ရောင်းမှာ ဖြစ်ပြီး တရုတ် ပြင်ပမှာ MediaTek Chipset ထည့်ထားမယ်လို့ သိရပါတယ်။ Dimensity 1000+ ဖြစ်နိုင်ပါတယ်။


Huawei ဟာ Qualcomm Snapdragon 865+ Chipset ကိုလည်း ဝယ်ယူနိုင်တယ်လို့ သတင်းထွက်လာပါတယ်။ သူတို့မှာ 108MP Main ကင်မရာ ပါမယ်လို့ မကြာခင်က သတင်းထွက်ခဲ့ပြီး စွမ်းရည်မြင့် ဖုန်း ဖြစ်တဲ့အတွက် အလန်းစား ကင်မရာတွေ သုံးထားမှာ သေချာပါတယ်။ Huawei နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက Mate 40 နဲ့ Mate 40 Pro မှာ အဲဒီ ကင်မရာ ပါမယ်လို့ သတင်းထွက်လာတာဖြစ်ပြီး 9P Lens ဖြစ်တဲ့အတွက် ရုပ်ပုံ အရည်အသွေးက အရမ်းလန်းမှာ သေချာပါတယ်။ 108MP ကင်မရာ ပါတဲ့ တခြား စမတ်ဖုန်းတွေထက် ရုပ်ပုံ ပိုမို ကြည်လင်ပြတ်သားမှာ ဖြစ်ပါတယ်။ ကင်မရာမှာ အလန်းစား လုပ်ဆောင်ချက်တွေ ထည့်သွင်းထားမှာ သေချာပါတယ်။ ဒါပေမယ့် ဘယ်လို လုပ်ဆောင်ချက်တွေ ပါလာမလဲ ဆိုတာကို မသိရသေးပါဘူး။


မကြာခင်က Huawei Mate 40 ရဲ့ Screen Protector ၁ ခု ထွက်ပေါ်လာပြီး မျက်နှာပြင်ဟာ ဘေးဘက် အကွေး ဒီဇိုင်း ဖြစ်ပါတယ်။ အရင်နှစ်ကတော့ Mate 30 Pro မှာ မျက်နှာပြင်ကွေးနဲ့ Mate 30 မှာ မျက်နှာပြင်ပြား တပ်ဆင်ထားတာပါ။ အရင်ကလည်း Mate 40 မှာ 1200x2649p နဲ့ 90Hz Refresh Rate ပါလာမှာ ဖြစ်ပြီး တခြား သတင်း ၁ ခုကတော့ 120Hz သုံးထားမယ်လို့ ပြောပါတယ်။

အမေရိကန်က Huawei အား စီးပွားရေး ပိတ်ဆို့တာကို နောက်ထပ် ၁ နှစ် တိုးမြှင့်ထားပါတယ်။ ဒါပေမယ့်လည်း Huawei က Mate 40 Series ကို စီစဉ်ထားတဲ့ အတိုင်း အောက်တိုဘာလမှာ ကြေညာနိုင်တယ်လို့ သတင်းထွက်နေပါတယ်။ လက်ရှိမှာ Mate 40 Series တွေ အကြောင်းကို ဒီလောက်ပဲ သိရပါသေးတယ်။ မကြာခင်မှာ သူတို့ရဲ့ သတင်းတွေ ပိုသိလာရနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: