Messenger (Android , iOS) မှာ Screen Sharing ရတော့မည်

ကိုဗစ် ကာလမှာ နာမည်ကြီးလာတဲ့ Zoom နဲ့ Google Meet တို့မှာ Screen Sharing လုပ်ဆောင်ချက်တွေ ရှိကြပါတယ်။ Video Call မှာ သင့်ရဲ့ Screen ကို တခြား လူတွေနဲ့ မျှဝေနိုင်တဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။ Facebook Messenger မှာတော့ အဲဒီလုပ်ဆောင်ချက် မရခဲ့သေးပါဘူး။

Facebook က Desktop နဲ့ Messenger Rooms မှာ Screen Sharing ကို မိတ်ဆက်ပြီးနောက်မှာ အခုတော့ Messenger (Android , iOS) မှာ ထည့်သွင်းပေးလိုက်ပါတယ်။ လူ ၈ ယောက်အထိ ပါတဲ့ တစ်ယောက်ချင်းနဲ့ အုပ်စုလိုက် Video Call တွေမှာ Screen Sharing ကို သုံးနိုင်ပါတယ်။ Messenger Rooms မှာတော့ လူ ၁၆ ယောက်အထိ လက်ခံပါတယ်။

Messenger ရဲ့ ထုတ်ကုန် မန်နေဂျာ ဖြစ်သူ Nora Micheva က “ Screen Sharing ဟာ သင့် Screen ကို တခြား လူတွေနဲ့ Live View မျှဝေနိုင်ပါတယ်။ သင့် ဖုန်း Gallery က အမှတ်တရတွေကို မျှဝေနိုင်သလို အွန်လိုင်းမှာ ဈေးအတူတူ ဝယ်တာ၊ လူမှုကွန်ရက်တွေကို အတူတူ ကြည့်တာနဲ့ တခြားအရာတွေကို ပြုလုပ်နိုင်ပါတယ်။ သင့် မိသားစုဝင်တွေ ၊ သူငယ်ချင်းတွေကြားမှာ ပိုမို နီးကပ်လာစေမှာပါ။ “ လို့ ရေးသားထားပါတယ်။ ဒီလုပ်ဆောင်ချက်ကို တစ်ကမ္ဘာလုံးအတွက် ဖြန့်ချိပေးနေတဲ့အတွက် သင့်မှာ မရသေးရင် အချိန်ခဏစောင့်ဆိုင်းရမှာပါ။

Ref : wersm

%d bloggers like this: