Xiaomi Mi 10 Lite 5G ဟာ တောင်ကိုရီးယားရဲ့ ဈေးအချိုဆုံး 5G ဖုန်း ဖြစ်လာ

Xiaomi ဟာ ကမ္ဘာအနှံ့ခြေဆန့်ပြီး ဈေးကွက်ချဲ့ထွင်နေပါတယ်။ အခုလည်း 5G ကွန်ရက်အဖွံ့ဖြိုးဆုံး ဆိုတဲ့ တောင်ကိုရီးယားကို နယ်ချဲ့လာပါတယ်။ Xiaomi Mi 10 Lite ကို တောင်ကိုရီးယားမှာ ရောင်းချပေးလိုက်ပြီး အဲဒီ နိုင်ငံရဲ့ ဈေးအချိုဆုံး 5G ဖုန်း ဖြစ်လာပါတယ်။ Xiaomi ဟာ တောင်ကိုရီးယားရဲ့ အကြီးဆုံး 5G ဖုန်း ကုမ္ပဏီတွေ ဖြစ်တဲ့ Samsung နဲ့ LG ကို ဈေးနှုန်းချိုသာမှုနဲ့ ယှဉ်ပြိုင်မှာပါ။

Mi 10 Lite ကို ဝမ် ၄၅၁,၀၀၀ သတ်မှတ်ထားပြီး မြန်မာငွေ ၅ သိန်းလောက်ပဲရှိပါတယ်။ LG Velvet ထက် ထက်ဝက်လောက် ဈေးနည်းပြီး Samsung Galaxy A51 5G ထက် ဒေါ်လာ ၁၀၀ လောက် သက်သာပါတယ်။

၆.၅၇ လက်မ FullHD+ AMOLED မျက်နှာပြင် ပါလာပြီး Snapdragon 765G မောင်းနှင်ထားပါတယ်။ 48MP Main ၊ Ultrawide ၊ Macro နဲ့ Depth ကင်မရာတွေကို အနောက်ဘက်မှာ တပ်ဆင်ထားပြီး Night Mode 2.0 , AI Dynamic Skyscaping နဲ့ Vlog Mode တွေ ပါပါတယ်။ 20W Fast Charging ပါတဲ့ 4,160mAh ဘက်ထရီ ထောက်ပံ့ထားပါတယ်။

Xiaomi Mi 10 Lite 5G specifications

• 6.57-inch Full HD+ AMOLED display
• Octa Core (1 x 2.4GHz + 1 x 2.2GHz + 6 x 1.8GHz Kryo 475 CPUs) Snapdragon 765G 7nm EUV Mobile Platform with Adreno 620 GPU
• 6GB LPDDR4X RAM with 64GB / 128GB (UFS 2.1) storage
• Dual SIM
• 48MP rear camera with LED Flash, 0.8μm, ultra-wide sensor, depth and macro sensors
• 16MP front-facing camera
• In-Display fingerprint sensor
• 3.5mm audio jack, Smart PA
• 7.98mm thick and Weighs 192g
• 5G SA/ NSA / Dual 4G VoLTE, WiFi 802.11 ac (2.4GHz + 5GHz), Bluetooth 5, Dual-frequency (L1+L5) (K30 5G), GPS/GLONASS/Beidou, NFC, USB Type-C
• 4160mAh (Typical) battery with 20W fast charging

Ref : fonearena

%d bloggers like this: