iPad Air အသစ်ဟာ အရင်မျိုးဆက်ထက် စွမ်းရည်မြင့်ပေမယ့် ဈေးသက်သာမည်

DigiTimes က Apple ဟာ iPad Air အသစ်မှာ ၁၀.၈ လက်မ မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး iPhone SE လို စွမ်းရည်မြင့် Chipset ပါပေမယ့် ဈေးသက်သာအောင် ပြုလုပ်ထားမယ်လို့ ပြောပါတယ်။ တက်ဘလက်မှာ iPhone SE ရဲ့ Apple A13 Chipset ထည့်ထားမယ်လို့ သတင်းထွက်နေပါတယ်။

iPad Air 2019 မှာ A12 Chipset ထည့်ထားပြီး 64GB Version ကို ၅၀၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ရိုးရိုး iPad 10.2 မှာ ဒိတ်အောက်နေတဲ့ A10 Chipset ထည့်ထားပြီး ဒေါ်လာ ၃၃၀ နဲ့ ရောင်းပေးခဲ့ပါတယ်။ အဲဒီအတွက် iPad Air 2020 ရဲ့ ဈေးဟာ အဲ ၂ လုံးကြားထဲမှာ ရှိနိုင်ပါတယ်။ iPad Air အသစ်ဟာ Lightning Port အစား USB-C သုံးထားတဲ့ ပထမဆုံး Non-pro ဖြစ်လာမှာပါ။ iPad Air အသစ်မှာ Pro လို Magic Keyboard ပါလာနိုင်ပါတယ်။

iPad mini အသစ်ကိုတော့ နောက်နှစ်ကျမှ ရောင်းမှာ ဖြစ်ပြီး 20W Charger ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ iPhone အသစ်တွေမှာတော့ Charger မပါလာနိုင်ဘူးလို့ ပြောနေကြပါတယ်။ Apple Chipset တွေ ပါတဲ့ ၁၃ လက်မ MacBook Pro နဲ့ MacBook Air တို့ကို ဖန်တီးနေပြီး ဒီနှစ်ကုန်မှာ ရောင်းချနိုင်ပါတယ်။

ref : gsmarena

%d bloggers like this: