0 Shares 139 Views

“Fuchsia” လို့ နာမည်ပေးထားတဲ့ OS အသစ်တစ်ခုကို Google တိတ်တဆိတ်ရေးဆွဲနေ

Chrome OS ၊ Android ၊ Chromecasts စတဲ့ ယခုအချိန်ထိ Google က ထုတ်ထားသမျှ OS စနစ်တိုင်းမှာ Linux kernel မှာ အခြေခံပြီး ရေးထားတာဖြစ်ပါတယ်။ ဒါပေမယ့် ယခုအသစ်ရေးဆွဲနေတဲ့ OS ကတော့ Linux ပေါ်မှာ အခြေခံမထားဘူးလို့ သိရပါတယ်။

OS အသစ်နဲ့ ပတ်သတ်ပြီး Google အနေနဲ့ တရားဝင်ကြေငြာရခြင်းမရှိသေးပေမယ့် GitHub မှာ ယခုပရောဂျက်ကို “Pink+Purple= Fuchsia (a new Operation System)” လို့ နားလည်ရခက်စွာ ဖော်ပြထားတာကို Android Police ကနေ အရင်ဆုံးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

Android Police ရဲ့ နောက်ထပ်တွေ့ရှိချက်တွေအရ ယခု OS အသစ်ဟာ Linus kernel နဲ့ မဟုတ်ဘဲ၊ Magenta ဆိုတဲ့ kernel အသစ်ကို အသုံးပြုထားတာတွေ့ရပြီး၊ သေးငယ်တဲ့ “embedded devices” တွေကနေ ကွန်ပြူတာ၊လက်ပ်တော့မှာအထိ စက်ပစ္စည်းတိုင်းလိုလိုမှာ လည်ပတ်အသုံးပြုနိုင်အောင် ဒီဇိုင်းဆွဲထားတယ်လို့ သိရပါတယ်။

Fuchsia ဟာ Google ရဲ့ Dart programming language နဲ့ ရေးထားတာဖြစ်ပြီး၊ ကုမ္ပဏီရဲ့ Flutter UI framework ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

Google ဟာ OS အသစ်နဲ့ kernel အသစ်တို့ကို လှို့ဝှက်လုပ်ဆောင်နေတာဟာ၊ နောက်တစ်ချိန်မှာ Chrome OS နဲ့ Android တို့နေရာမှာ OS အသစ်တစ်ခုကို အစားထိုးဖို့ဖြစ်ပြီး၊ Google ရဲ့ ထုတ်လုပ်ဆဲနဲ့ နောင်ထုတ်လုပ်မယ့် ဟာ့ဒ်ဝဲစက်တွေမှာ ယခု OS အသစ်ကို အသုံးပြုဖို့ ဖြစ်တယ်လို့ Android Police က သုံးသပ်ပြထားပါတယ်။

Fuchsia OS အသစ်နဲ့ ပတ်သတ်ပြီး နည်းပညာပိုင်းဆိုင်ရာ ပြည့်ပြည့်စုံစုံသိချင်တယ်ဆိုရင်တော့ Android Police ရဲ့ မူရင်းဆောင်းပါးကို သွားရောက်ဖတ်ရှုနိုင်ပါတယ်။

Ref: Android Police, PC Magazine

 

 

You may be interested

Samsung Galaxy A40 စမတ်ဖုန်း ထွက်ရှိ
Mobiles & Tablets, NEWS, Samsung
0 shares0 views

Samsung Galaxy A40 စမတ်ဖုန်း ထွက်ရှိ

Nigma - Mar 21, 2019

Galaxy A Series ဖုန်းအသစ် Galaxy A30 နဲ့ Galaxy A50 တို့ ပြည်တွင်းဈေးကွက်ကို ဝင်ရောက်လာချိန်မှာ နောက်ထပ် Galaxy A Series ဖုန်းအသစ်တမျိုးကို နယ်သာလန်နိုင်ငံမှာ ထပ်မံ မိတ်ဆက်လိုက်ပါတယ်။ Galaxy A30 နဲ့…

Messenger မှာ မက်ဆေ့တခုကို ရွေးချယ် Reply ပြန်နိုင်တဲ့ လုပ်ဆောင်ချက် ပါဝင်လာ
NEWS, Softwares & Application
59 shares208 views

Messenger မှာ မက်ဆေ့တခုကို ရွေးချယ် Reply ပြန်နိုင်တဲ့ လုပ်ဆောင်ချက် ပါဝင်လာ

Nigma - Mar 21, 2019

Messenger မှာ အဓိက လိုအပ်နေတဲ့ လုပ်ဆောင်ချက်အသစ်တခု ပါဝင်လာပါတယ်။ Quoted replies ဆိုတဲ့ လုပ်ဆောင်ချက်ပါ။ မက်ဆေ့တခုကို ရွေးချယ်ပြီး Reply ပြန်ပြောနိုင်တဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။ သူငယ်ချင်းတွေ အများကြီးနဲ့ Group Chat ပြောတဲ့အခါ တယောက်တပေါက်နဲ့ ပြန်ပြောရတာ အခက်တွေ့ကြမှာပါ။…

မတ်လကုန်မှာ Redmi Note 7 အလုံးရေ ၄ သန်း ရောင်းချနိုင်ဖို့ ကြိုးစားနေတဲ့ Xiaomi
Android, HUBS, Mobiles & Tablets
108 shares131 views

မတ်လကုန်မှာ Redmi Note 7 အလုံးရေ ၄ သန်း ရောင်းချနိုင်ဖို့ ကြိုးစားနေတဲ့ Xiaomi

Ko Thuya - Mar 21, 2019

Xiaomi က ဇန်န၀ါရီလ ၁၀ ရက်နေ့မှာ Redmi Note 7 ကို ကြေညာခဲ့ပါတယ်။ ရှောင်မီရဲ့ ဥက္ကဌ ဖြစ်သူက ပထမဆုံး ရောင်းတဲ့ လမှာ အလုံးရေ ၁ သန်းရောင်းချနိုင်ဖို့ ကြိုးစားမယ်လို့ အဲဒီအချိန်က ပြောခဲ့ပါတယ်။ တကယ်လည်း…

Most from this category