ရေအနက် ၅၀ မီတာအထိ ဝတ်ဆင်နိုင်တဲ့ Xiaomi Mi Band 4C ကို ကြေညာပြီ

Xiaomi က Mi Band 4C ကို ကြေညာလိုက်ပြီး ဧပြီလက ကြေညာခဲ့တဲ့ Redmi Band ရဲ့ နိုင်ငံတကာ မော်ဒယ် ဖြစ်ပါတယ်။ သူ့မှာ ၁.၀၈ လက်မ လေးထောင့် Colour Touch မျက်နှာပြင် ထည့်သွင်းထားပြီး ဘက်ထရီ သက်တမ်းက ၁၄ ရက် ဖြစ်ပါတယ်။ Built-in Charging Port ပါတဲ့အတွက် ကြိုးတွေ မလိုတော့ဘဲ Charger , Laptop , PC တို့က USB-A Port မှာ တိုက်ရိုက် ချိတ်ဆက်အားသွင်းနိုင်ပါတယ်။

နှလုံးခုန်နှုန်း ၊ အိပ်စက်မှုနဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို တိုင်းတာပေးနိုင်ပြီး ရေအနက် ၅၀ မီတာ အထိ ဝတ်ဆင်နိုင်ပါတယ်။

Xiaomi Mi Band 4C specifications

• 1.08-inch (128 x 220 pixels) LCD colour 16 bit touch screen display with up to 200 nits brightness, 2D tempered glass
• Bluetooth 5.0 LE to connect to Android and iOS devices
• Shows time, steps, heart rate, activities, notifications from apps, calls and more
• 24/7 heart rate monitoring with heart rate alerts
• Monitors your fitness and tracks your sleep, Sedentary reminder
• 5 sports modes: outdoor running, exercise, cycling, treadmill, fast walking
• Tri-axis Accelerometer
• 13g ultra light body
• 5ATM (50 meters) water resistant
• 130mAh battery with up to 14 days of usage

Mi Band 4C ရဲ့ ကိုယ်ထည်ဟာ အနက်ရောင် ဖြစ်ပြီး လက်ပတ်ကြိုးအတွက် အနက်၊ လိမ္မော်၊ အစိမ်းနဲ့ အပြာရောင်တွေ ထုတ်လုပ်ထားပါတယ်။ ၁၆.၇ ဒေါ်လာလောက်ရှိပြီး မြန်မာငွေ ၂ သောင်းလောက်ပဲ ရှိပါတယ်။

Ref : fonearena

%d bloggers like this: