Xiaomi က နိုင်ငံတကာအတွက် Mi TWS Earphones Basic ကို ကြေညာ

Xiaomi က Mi TWS Earphones Basic ကို နိုင်ငံတကာအတွက် ကြေညာလိုက်ပြီး 14.2mm Dynamic Diaphragms ထည့်သွင်းထားပါတယ်။ AAC Audio Codec ထောက်ပံ့ထားတဲ့အတွက် Wireless Audio ရဲ့ အရည်အသွေးက မြင့်မားပါတယ်။ မိုက်ကရိုဖုန်း အပို ၁ စုံကို Noise Cancellation အတွက် ထည့်ထားပါတယ်။

ခေတ်ပေါ် နားကြပ်တွေထဲမှာ အခြေခံ စွမ်းရည်တွေ ဖြစ်တဲ့ Touch Controls နဲ့ Smart Ear Detection တွေ ထောက်ပံ့ထားပါတယ်။ နားကြပ်ကို နားကနေ ချွတ်လိုက်ရင် သီချင်းကို အလိုလို ရပ်ပေးမှာ ဖြစ်ပြီး နားမှာ တပ်လိုက်ရင် သီချင်းကို အလိုလို ဖွင့်ပေးမှာပါ။ အနီးအနားမှာ Xiaomi ဖုန်းရှိရင် နားကြပ်ကို Case က ထုတ်လိုက်တာနဲ့ အလိုလို ချိတ်ဆက်ပေးမှာပါ။

ဘက်ထရီသက်တမ်းက ၅ နာရီ ဖြစ်ပြီး Case ထဲထည့်ကာ အားသွင်းရမှာ ဖြစ်ပါတယ်။ Case မှာ ဘက်ထရီ အပိုပါလာပြီး နားကြပ်ရဲ့ ဘက်ထရီနဲ့ ပေါင်းရင် ဘက်ထရီ သက်တမ်းက ၂၀ နာရီတောင် ဖြစ်သွားပါတယ်။ Case ကို USB-C ကနေ အားသွင်းရမှာ ဖြစ်တဲ့အတွက် ဖုန်း အားသွင်းကြိုးကို သုံးနိုင်ပါတယ်။ ၄၀ ယူရို သတ်မှတ်ထားပြီး မြန်မာငွေ ၆ သောင်း ၂ ထောင်လောက် တန်ကြေးရှိပါတယ်။

Ref : gsmarena

%d bloggers like this: