0 Shares 12 Views

အာရှတိုက်မှာ 8K TV တစ်လုံးကို ဒေါ်လာ ၁၆၀၀၀ ဈေးနဲ့ Sharp ရောင်းချ

Jan 18, 2016
0 12

sharplc-80xu930x1

၂၀၁၅ ခုနှစ် CES အီလက်ထရောနစ်ပစ္စည်းပြပွဲမှာ စတင်မိတ်ဆက်ခဲ့တဲ့ Sharp ရဲ့  8K resolution TV Aquos LC-80XU930X ကို အာရှမှာ စတင်ရောင်းချနေပြီဖြစ်ပါတယ်။

လက်မ ၈၀ ရှိတဲ့ ဒီတီဗီဟာ တကယ်တမ်းတော့ 4K TV သာဖြစ်ပေမယ့်၊ ကုမ္ပဏီရဲ့ Quattron နည်းပညာကို အသုံးပြုထားတာကြောင့် TV ရဲ့ pixel တွေကို လေးပိုင်းခွဲခြားကာ 8K resolution ရှိတဲ့ ပုံရိပ်တွေကို ပြသပေးနိုင်တာဖြစ်ပါတယ်။

Aquos 8K TV မှာ  7680×4320 pixels ပါရှိပြီး ရုပ်ရှင်ရုံအများစုထက် ရုပ်ထွက်ပိုမိုကောင်းမွန်ကာ၊ 4K TV တွေထက် ရုပ်ထွက်လေးဆ ပိုမိုကောင်းမွန်တယ်လို့ဆိုပါတယ်။

ယခုအချိန်မှာ 8K resolution အတိုင်းရိုက်ကူးထုတ်လုပ်ထားတဲ့ ရုပ်ရှင်ကား၊ပုံရိပ်တွေမရှိသလောက် ရှားသေးပေမယ့်၊ Sharp ရဲ့ တီဗီဟာ ပုံရိပ်တွေကို 8K resolution နီးပါး ပြသပေးနိုင်သလို၊ 4K ရုပ်ရှင်ကားတွေကိုလည်း 8K အဖြစ် အချိုးအစားမြှင့်တင်ကာ ပြသပေးနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

Sharp ဟာ ယခု LC-8OXU930X တီဗီကို အာရှတိုက်ပြင်ပမှာ ရောင်းချခြင်းမရှိသေးဘဲ၊ ဂျပန်နိုင်ငံနဲ့ မလေးရှားနိုင်ငံတို့မှာပဲရောင်းချလျက်ရှိတာဖြစ်ပါတယ်။ ယခုအခါ စင်ကာပူနိုင်ငံမှာလည်း စတင်ရောင်းချ သွားမှာဖြစ်ပြီး၊ အာရှတွင်းကတခြားနိုင်ငံတွေမှာလည်း မကြာမီရောင်းချသွားဖို့ရှိတယ်လို့သိရပါတယ်။

ယခု 8K TV မှာ Google က ထုတ်လုပ်ထားတဲ့ စမတ်တီဗီပလက်ဖောင်း Android TV ကို အသုံးပြုထားပြီး အင်တာနက်မီဒီယာဖြစ်တဲ့ Netflix နဲ့ ချိတ်ဆက်ထားတာကြောင့် Netflix က 4K ရုပ်ရှင်ကားတွေကို 8K resolution အဖြစ် မြှင့်တင်ကာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Ref: Cnet

 

You may be interested

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram
NEWS
56 shares7 views

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram

Nwe Oo - Jun 24, 2018

[Zawgyi] ၂၀၁၀ စတည်ထောင်တဲ့အချိန်ကနေ ဒီနေ့ထိဆိုရင် Instagram ကိုအသုံးပြုသူပေါင်း ၁ဘီလီယံရှိသွားပြီဖြစ်ပြီး ဒီကြေညာချက်နဲ့အတူ စိတ်ဝင်စားစရာ App တစ်ခုပါ ထွက်ရှိလာခဲ့ပါပြီ။ သူကတော့ Instragram မှာ ဒေါင်လိုက် ဗီဒီယိုအရှည်တွေကို ကြည့်လို့ရနိုင်မယ့် IGTV ဆိုတဲ့ App အသစ်လေးဖြစ်ပြီး ဗီဒီယိုဖန်တီးသူတွေအတွက်…

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်
Automobiles, Mobiles & Tablets, NEWS
92 shares18 views

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်

Ko Thuya - Jun 24, 2018

စမတ်ဖုန်းများဟာ လူတွေနဲ့ အနီးဆုံးရှိတဲ့ ကိရိယာများ ဖြစ်လာသလို သူ့မှာ စွမ်းရည်များ ပိုမိုများပြားအောင်လည်း ထည့်သွင်းပေးနေကြပါတယ်။ အခုလည်း စမတ်ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါများ ဖွင့်ခြင်းများကို ပြုလုပ်နိုင်မယ့် စံနှုန်းတစ်ခုကို သတ်မှတ်လိုက်ပါတယ်။ Car Connectivity Consortium (CCC) က Digital…

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ
FEATURES, gadgets
70 shares16 views

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ

Ko Thuya - Jun 24, 2018

လူတွေရဲ့ နေ့စဉ် လူနေမှုဘ၀ကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍမှာ ဒီတစ်ပတ်အတွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။ Stair Steady လှေကားများဟာ သက်ကြီး…

Most from this category