Xiaomi က Mi Smart Band 5 ကို ကြေညာပြီ

Xiaomi က Mi Band 5 ကို တရုတ်မှာ ဇွန်လက ကြေညာခဲ့ပြီး အခုတော့ နိုင်ငံတကာမှာ Mi Smart Band 5 နာမည်နဲ့ ကြေညာလိုက်ပါတယ်။ နိုင်ငံတကာ မော်ဒယ်မှာ NFC မပါလာတော့ပါဘူး။ အရင်နှစ်က နိုင်ငံတကာ မော်ဒယ်ကိုလည်း Mi Smart Band 4 နာမည်နဲ့ ရောင်းပေးခဲ့ပေမယ့် Mi Smart Band 4 NFC Version ကို ရောင်းပေးခဲ့ပါတယ်။

သူ့မှာ ၁.၁ လက်မ AMOLED Color မျက်နှာပြင် ပါလာပါတယ်။ အရင်မျိုးဆက်ရဲ့ ၀.၉၅ လက်မထက် ၂၀ ရာခိုင်နှုန်း ပိုကြီးလာတဲ့အတွက် စာတွေ ပိုမြင်လာရပါတယ်။ Themes ပေါင်း ရာဂဏန်းလောက် ထည့်ထားပြီး Watch Face များစွာ ပါပါတယ်။ အားကစားနည်း ၁၁ မျိုးကို တိုင်းတာပေးနိုင်ပြီး ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်ပါတယ်။

၂၄ နာရီ အိပ်စက်မှု အခြေအနေကို တွက်ချက်ပေးနိုင်ပြီး အရင်မျိုးဆက်ထက် ၄၀ ရာခိုင်နှုန်း ပိုတိကျလာပါတယ်။ နှလုံးခုန်နှုန်း တိုင်းတာပေးတာလည်း ၅၀ ရာခိုင်နှုန်း ပိုကောင်းလာပါတယ်။ စိတ်ဖိစီးမှုကို တွက်ချက်ပေးနိုင်ပြီး အသက်ရှူလေ့ကျင့်ခန်းတွေ သင်ကြားပေးနိုင်ပါတယ်။ အမျိုးသမီးတွေ ဓမ္မတာ လာတာကို တွက်ချက်ပေးနိုင်ပြီး ဘက်ထရီ သက်တမ်းက ရက်တော်တော်ကြာကြာ အသုံးခံပါတယ်။

Xiaomi Mi Band 5 specifications

• 1.1-inch (126 x 294 pixels) AMOLED 24bit color touch screen display with up to ≥450 nits brightness, 2.5D scratch-resistant glass, AF coating
• Shows time, steps, heart rate, activities, weather, notifications from apps, calls and more
• Photoplethysmography (PPG) / Heart rate sensor
• 24-hour sleep tracking, fitness tracking, Sedentary reminder
• 11 sports modes (outdoor running, walking, cycling, indoor running, swimming, exercise, indoor cycling, elliptical machine, skipping rope, yoga, rowing machine)
• PAI health analysis, Women’s health tracking: Menstrual cycle,
• Tri-axis Accelerometer + Tri-axis Gyro, Capacitive Wear Monitoring Sensor, Pressure assessment, Breathing training, Remote shutter control
• Xiao Ai’s voice assistant (NFC model)
• 5ATM (50 meters) water resistant
• Bluetooth 5.0 LE, NFC (Optional)
• Dimensions: 47.2 x 18.5 x 12.4mm; Weight: 11.9g / 12.1g (NFC)
• 125mAh battery with up to 14 days of battery life in typical mode, 20 days in long battery mode

အနက်ရောင် ထုတ်လုပ်ထားပြီး လက်ပတ်ကြိုး အရောင် ၆ မျိုး ရွေးချယ်နိုင်ပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၄၀ ယူရို သတ်မှတ်ထားပြီး မြန်မာငွေ ၆ သောင်း ၂ ထောင်လောက်ပဲရှိပါတယ်။

Ref : fonearena

%d bloggers like this: