Apple , Bill Gates , Elon Musk တို့ရဲ့ တွစ်တာ အကောင့်တွေ Hack ခံရ

Apple ရဲ့ တရားဝင် တွစ်တာ အကောင့်ဟာ ၁၅ ရက်နေ့က ဟက်ကာတွေရဲ့ လက်ချက် မိသွားပါတယ်။ Follower ၄.၆ သန်းရှိတဲ့ Apple အကောင့်မှာ ဟက်ကာတွေက ပို့စ်တစ်ခု တင်ခဲ့ပါတယ်။ ဟက်ကာတွေက အောက်က လိပ်စာကို Bitcoin ပို့တဲ့ လူတွေကို ၂ ဆ ပြန်ပို့ပေးမယ်လို့ နောက်ပြောင် ရေးသားထားပါတယ်။

အဲဒီ ပို့စ်ကို မကြာခင်မှာ ဖျက်ခဲ့တဲ့အတွက် Apple ဟာ အကောင့်ကို ဟက်ကာတွေလက်ကနေ ပြန်လည် ရယူနိုင်ခဲ့ပြီလို့ ထင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ဟက်ကာတွေဟာ တကယ့် ဂုရုကြီးတွေရဲ့ တွစ်တာ အကောင့်တွေကိုပါ Hack သွားခဲ့တာပါ။ အဲဒီထဲမှာ Microsoft ပူးတွဲ တည်ထောင်သူ Bill Gates နဲ့ Tesla တည်ထောင်သူ Elon Musk တို့ ပါပါတယ်။

Apple အကောင့်မှာ တင်ထားတဲ့ ပို့စ်က စာသားတွေကိုပဲ သူတို့ရဲ့ အကောင့်မှာ တင်ထားပါတယ်။ Hack ခံရတဲ့ အထင်ကရ ဂုရုကြီးတွေထဲမှာ Amazon တည်ထောင်သူ Jeff Bezos ၊ သမ္မတလောင်း Joe Biden ၊ အရင် သမ္မတ Barack Obama နဲ့ စီးပွားရေး လုပ်ငန်းရှင် Michael Bloomberg တို့ ပါပါတယ်။ ဟက်ကာတွေ ဘယ်လို Hack သွားတာလဲ ဆိုတာ မသိရသေးပါဘူး။

တွစ်တာက “ လုံခြုံရေး မတော်တဆမှု ၁ ခု ဖြစ်ခဲ့တာကို သိပါတယ်။ စုံစမ်းစစ်ဆေးနေပြီး ပြင်ဆင်နေပါတယ်။ မကြာခင်မှာ သတင်း ထုတ်ပြန်ပေးမှာပါ။ “ လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။

Ref : phonearena

%d bloggers like this: